အမျိုးသားတွေအနေနဲ့ ဒီလို ရုပ်ပိုင်းဆိုင်ရာ ရှိတဲ့ အမျိုးသမီးတွေကိုသာ ပိုစိတ်ဝင်စားတတ်ကြကြောင်း သိရ

he_acts.jpg

ခုလို နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ အပြင်လောကမှာထက် အွန်လိုင်းပေါ်မှာပဲ တစ်ဦးနဲ့တစ်ဦး နေ့စဉ်ဆက်သွယ်ကာ ရင်နှီးမှုတွေ ရှိလာကြပါတယ်။ ဒါတင်မကသေးပါဘူး။ အွန်လိုင်းပေါ်မှာပဲ ကိုယ်သဘောကျတဲ့ ကောင်မလေး ပုံစံမျိုးတွေ ရှာဖွေလာကြတာလည်း ရှိလာပါတယ်။ ကမ္ဘာ့အကြီးဆုံး dating network ဖြစ်တဲ့ Badoo က ချိန်းတွေ့ကြတဲ့ လူတွေရဲ့ သဘောထားတွေ၊ အမျိုးသားတွေရဲ့ အကြိုက်တွေကို လေ့လာကြည့်တဲ့အခါ အမျိုးသားတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေဆီက ဘယ်လိုအရာမျိုးတွေ ရှာဖွေတတ်ကြသလဲဆိုတာ သိခဲ့ရပါတယ်။

၁။ အရမ်း အရပ်မရှည်တဲ့သူနဲ့ အရမ်းမပုတဲ့သူ

အမျိုးသားအများစုဟာ အမျိုးသမီးတွေ အရပ်အရမ်းရှည်ရင်လည်း သူတို့ထက်မြင့်နေတဲ့အတွက် ရှောင်တတ်ကြပါတယ်။ ပုလွန်းရင်လည်း မကြိုက်ပြန်ပါဘူး။ သူတို့သဘောအကျဆုံး အရပ်ကတော့ ၅ပေ၃လက်မ နဲ့ ၅ပေ ၆လက်မ ကြားလို့သိရပါတယ်။

၂။အညိုရောင် မျက်လုံးများ

အမျိုးသားတွေဟာ မျက်လုံးအရောင်တွေထဲမှာမှ အညိုရောင်မျက်ဝန်းတွေကို နှစ်ခြိုက်သဘောကျကြပါတယ်တဲ့။ ရာခိုင်နှုန်းနဲ့ဆိုရင်တော့ ၇၀ရာခိုင်နှုန်းလို့ သိရပါတယ်။

၃။ အညိုရောင်ဆံပင်

အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ ဆံပင်အရောင်တွေထဲမှာ အညိုရောင်ကို သဘောကျကြပြန်ပါတယ်။ ရာခိုင်နှုန်းအားဖြင့်  ၄၀ရာခိုင်နှုန်းပါ။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းကတော့ ရွှေရောင်ဖြစ်ပြီး အခြားအရောင်တွေက ရာခိုင်နှုန်းပိုနည်းသွားကြတယ်လို့ သိရပါတယ်။

၎။ မထွားလွန်း မပိန်လွန်းတဲ့ ခန္ဓာကိုယ်

အမျိုးသားတွေဟာ အရမ်းဖွံ့ထွားလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို သဘောကျကြပေမယ့် သူတို့ကောင်မလေးဆိုရင်တော့ အရမ်းဖွံ့ထွားတာမျိုး သိပ်မလိုချင်ကြပါဘူးတဲ့။ သိပ်မပိန်လွန်း မ၀လွန်းပဲ အနေတော်ကို ပိုသဘောကျကြတယ်လို့ သိရပါတယ်။ အားကစားလုပ်ထားလို့ ကြွက်သားတွေ ကျစ်လစ်နေတဲ့ ခန္ဓာကိုယ်အချိုးအစားကို  သဘောကျတဲ့သူကတော့ ၆ရာခိုင်နှုန်းသာရှိတယ်လို့ လေ့လာမှုအရသိရပါတယ်။

Ref:yourtango

 

620 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.