iPhone 7 ကို စက်တင်ဘာလ ၇ ရက်နေ့ စတင်မိတ်ဆက်နိုင်ဖို့ Apple မျှော်လင့်

151026-iphone-7-concept-marek-weidlich-1200x675.jpg

Apple ကုမ္ပဏီက သူ့ရဲ့ နှစ်စဉ် စက်တင်ဘာလရောက်တိုင်း ကျင်းပလေ့ရှိတဲ့ ပွဲတော်ကို iPhone 7 မိတ်ဆက်ပွဲ ဖြစ်လာဖို့ မျှော်လင့်ထားကြောင်း သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

အဆိုပါနည်းပညာကုမ္ပဏီအနေနဲ့ အသစ်ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေကို စက်တင်ဘာလမှာ စတင်မိတ်ဆက်လေ့ရှိပြီး ၂၀၁၂ ခုနှစ်ကတည်းက သူ့ရဲ့နှစ်စဉ်သတင်းထုတ်ပြန်ချက်၊ ကြေညာချက်တွေနဲ့ iPhone ထုတ်ကုန်အသစ်တွေ စတင်မိတ်ဆက်ခြင်းစတာတွေကို စက်တင်ဘာလမှာပဲ အမြဲ ကြော်ငြာထုတ်ပြန်ခဲ့ပါတယ်။ ယင်းကြေညာချက်တွေကြောင့်လည်း Apple ထုတ်ကုန်ပစ္စည်းတွေ သုံးပုံနှစ်ပုံ မြင့်တက်လာခဲ့ပါတယ်။

Forbes မဂ္ဂဇင်းကတော့ စက်တင်ဘာ ၉ ရက် သောကြာနေ့ သို့မဟုတ် စက်တင်ဘာလ ၁၀ ရက် စနေနေ့မှာ အော်ဒါမှာယူမှုတွေ စတင်ပြီး စက်တင်ဘာလ ၁၆ ရက် သောကြာနေ့မှာ ဒီနောက်ဆုံးထုတ် ဖုန်းသစ်လေးကို လက်ဝယ်ရောက်ရှိနိုင်ခြေရှိကြောင်း ခန့်မှန်းထားပါတယ်။ 

Ref:UPI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.