လွန်ခဲ့တဲ့ ၆၁ နှစ်က မင်္ဂလာကိတ်ကိုစားရင်းဂုဏ်ပြုပွဲလုပ်နေဆဲဖြစ်တဲ့ စုံတွဲ

1472336345-1472228229-1472071628-couple-cake.jpg
ဖလော်ရီဒါပြည်နယ်က အရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲက သူတို့ရဲ့ ၆၁နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်ပွဲမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၆ ခု သူတို့မင်္ဂလာဆောင်စဉ်က စားခဲ့ကြတဲ့ မင်္ဂလာကိတ်ကိုပဲစားပြီး ကျင်းပခဲ့ကြပါတယ်။ Ann နဲ့ Ken Fredericks တို့က ၁၉၅၅ ခုနှစ် သြဂုတ်လမှာ ကျင်းပခဲ့တဲ့ သူတို့ရဲ့မင်္ဂလာပွဲက အမည်းရောင်သီးစုံကိတ်ကို သိမ်းထားခဲ့ကြပြီး နှစ်ပတ်လည်နေ့တိုင်းမှာ စားခဲ့ကြပါတယ်တဲ့။
 
အဲ့ဒီကိတ်မုန့်ကို ကော်ဖီဗူးထဲမှာထည့်ပြီး သူတို့ရဲ့ ဗီရိုထဲမှာ သိမ်းထားခဲ့ကြပါတယ်။ ဒီသက်တမ်းကြာနေပြီဖြစ်တဲ့ ကိတ်မုန့်ကိုစားတဲ့အချိန်မှာ အစာအိမ်ထဲ မအီမလည်ကြီးဖြစ်စေပေမဲ့ သူတို့ဇနီးမောင်နှံအတွက်တော့ လက်ထပ်တဲ့နေ့တုန်းကစားခဲ့ကြတဲ့အတိုင်း အရသာရှိနေဆဲပါပဲလို့ Ann က ABC News ကို ပြောပြခဲ့ပါတယ်။
 
ကိတ်မုန့်ရဲ့အရသာက ကောင်းနေပါသေးတယ်။ အဲ့ဒါကို ရေခဲသေတ္တာထဲမှာ တစ်ခါမျှသိမ်းမထားခဲ့ဖူးပါဘူး။ စသိမ်းတဲ့အချိန်တုန်းက ဖယောင်းစက္ကူနဲ့ ထုတ်ပြီး သိမ်းခဲ့ပါတယ်။ မပျက်စီးသွားပါဘူး။ သီးစုံကိတ်အမည်းရောင်ကို ဘရန်ဒီနဲ့ လုပ်ခဲ့တာဖြစ်ပြီး အယ်ကိုဟောဓာတ်လုံလောက်စွာပါနေတဲ့အတွက် ပုပ်သိုးသွားခြင်းမရှိတာပါလို့ ပြောခဲ့ပါတယ်။
 
ဒါပေမဲ့ အချိန်ကြာမြင့်ပြီဆိုတော့ ကိတ်မုန့်က တော်တော်လေးခြောက်နေပြီး သူတို့ဇနီးမောင်နှံက စားမယ့်အချိန်မှာ စိုစွတ်သွားအောင် ဘရန်ဒီအနည်းငယ်လောင်းထည့်ပြီးမှ စားတယ်လို့ဆိုပါတယ်။ အဘိုးအဘွားစုံတွဲက အခုအချိန်ထိပျော်ရွှင်ဆဲဖြစ်ပေမဲ့ သူတို့ရဲ့ အမှတ်တရ မင်္ဂလာကိတ်လေးက အနည်းငယ်ပဲရှိတော့တဲ့အတွက် သူတို့ပြုလုပ်နေကျထုံးစံလေး အဆုံးသတ်သွားတော့မှာကို တွေးပြီး စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုကြပါတယ်။
ABC News က Ann နဲ့ Ken ကို သူတို့ရဲ့ ကိတ်မုန့်က အခုအချိန်မှာ ဘယ်လိုပုံစံရှိနေပြီလဲဆိုတာသိနိုင်ဖို့အတွက် အင်တာဗျူးလုပ်ပြီး မေးမြန်းထားတာကို စောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။
 
Ref:.redbookmag
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.