အကြင်နာပေး နမ်းရှိုက်ရာကနေ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတဲ့ ဆယ်ကျော်သက်လူငယ်

ddrnme.jpg

မက်ဆီကိုနိုင်ငံက အသက် ၁၇ နှစ်အရွယ် Julio Macia Gonzalez ဆိုသူဟာ အကြောဆွဲမှု ရုတ်ချင်းဖြစ်ပေါ်ပြီး များမကြာမီမှာ သေဆုံးသွားခဲ့တယ်လို့ သတင်းအစီရင်ခံစားတွေက ဖော်ပြကြပါတယ်။ ချစ်သူချင်းအနမ်းပေးနေစဉ် အရေပြားစုပ်ယူမှုက ဦးနှောက်သို့ စီးဆင်းနေတဲ့သွေးတွေ ပျစ်ခဲစေခဲ့တာလို့ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။

သူ့ချစ်သူကောင်မလေး အသက် ၂၄ နှစ်ဟာ တိမ်းရှောင်ခဲ့ပြီး Julio ရဲ့ မိသားစုက သေဆုံးမှုအတွက် သူမကို အပြစ်တင်နေကြပါတယ်။ အရေပြား စုပ်ယူနမ်းရှိုက်ခြင်းကြောင့် ဖြစ်တဲ့ ရေပြားပေါ်က အနီကွက်ဟာ သွေးကြောတွေပေါက်စေပြီး အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

နယူးဇီလန်နိုင်ငံက အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာလည်း နှလုံးသို့ စီးဆင်းလည်ပတ်တဲ့ သွေးတွေပျစ်ခဲပြီးနောက် ကိုယ်တစ်ပိုင်း အကြောသေ ဖြစ်ခဲ့ရဖူးကြောင်း သိရပါတယ်။ 

Ref: Metro 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.