Selfie အတွက် အထူးရည်ရွယ်ထုတ်လုပ်ထားတဲ့ Fujifilm ရဲ့ X-A3 ကင်မရာသစ်

885db5e0-4f5c-0134-5e79-06caa2286297.jpg

ဈေးကွက်ထဲ ဝင်ရောက်လာတဲ့ ဒီကင်မရာသစ်ရဲ့ ကျေးဇူးကြောင့် selfie မှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပွားဖို့ ရှိပါတယ်။ Fujifilm X-A3 ဟာ ၁၈၀ ဒီဂရီအထိ လှည့်နိုင်တဲ့ မျက်နှာပြင်နဲ့အတူ အလေးချိန်ပေါ့ပါးတဲ့ pro ကင်မရာတစ်ခု ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ selfie ပုံ တွေရိုက်ကူးဖို့ အထောက်အကူဖြစ်စေမယ့် အထူးကောင်းမွန်တဲ့ လုပ်ဆောင်ချက်အနည်းငယ်နဲ့အတူ ကျစ်လစ်ပြီး သယ်ပြုရလွယ်ကူတဲ့ ကင်မရာဖြစ်အောင် Fujifilm မှ ဒီဇိုင်းဖော်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ကင်မရာရှေ့ ရပ်လိုက်တာနဲ့ Screen ကို မျက်လုံး အလိုအလျောက်အသားပေးပြီး လင်းလက်စေမယ့် Eye Detection AF နဲ့ Portrait Enhancer  အသစ်လည်း တိုးမြင့်လုပ်ဆောင်ပေးပါတယ်။ ဒီအချက်က အဖွဲ့လိုက်ပုံကောင်းကောင်းလေး အလွယ်တကူ ရိုက်ကူးစေနိုင်ပါတယ်။

အဆိုပါကင်မရာအနေနဲ့  brand တူ ပိုဆင့်မြင့်တဲ့ ပစ္စည်းအချို့ကဲ့သို့ မလှပပေမယ့် X-A3 ဟာ တခြား DSLR (24 megapixels) အများစုနဲ့ အရွယ်အစားမှာ တူသလောက်နီးပါးရှိပြီး ဗီဒီယိုရိုက်ကူးနိုင်ပြီး ကင်မရာကို WiFi ကနေတဆင့် အဝေးက ထိန်းချုပ်နိုင်ပါတယ်။

လူငယ်မျိုးဆက်သစ်အတွက် အထူးကောင်းမွန်တဲ့ ကင်မရာတစ်ခု ဖြစ်စေတာက ၄င်းရဲ့ selfie အသားပေးလုပ်ဆောင်ချက် feature တွေကြောင့်ပဲ ဖြစ်ပါတယ်။ X-A3 ဟာ လူငယ်အမျိုးသမီး မျိုးဆက်သစ်တွေအတွက် ရည်ရွယ်ပြီး ကျစ်လစ်ပေါ့ပါးတဲ့ ကိုယ်ထည်ရှိ အရင်ဒီဇိုင်းပုံစံတစ်ခုကို တုပထားတာလို့ ဆိုပါတယ်။ 

Ref: bustle 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.