လက်ပေါ်စွဲကျန်နေတဲ့ ကြက်သွန်ဖြူအနံ့ ဖျောက်နည်း (၃) နည်း

unnamed.jpg
အိမ်နောက်ဖေး မီးဖိုချောင် ၀င်ရတဲ့အခါ ကြက်သွန်နွှာ၊ လှီးတာတွေအပြီး ကြက်သွန်အနံ့တွေ လက်မှာ စွဲကျန်ပါလာတာ တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီစိတ်ပျက်စရာကောင်းတဲ့ အရာတွေကို ဖယ်ရှားပစ်နိုင်မယ့် အင်မတန်ကောင်းမွန်တဲ့ ဒီနည်းလမ်း (၃) ခုကို ပြောပြပေးချင်ပါတယ်။
 
သံပုယိုသီး 
သံပုယိုသီးက ဘယ်အစားအစာမဆို အရသာဖြည့်စွက်ပေးခြင်းအပြင် အနံ့အသက်တွေကိုလည်း ထိရောက်စွာ ဖယ်ရှားနိုင်ပါတယ်။  သံပုယိုသီးကို ခလယ်ကနေခွဲပြီး လက်ချောင်းတွေပေါ် ပွတ်ပေးပါ။ ပြီးတော့ လက်ကို ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးရုံပါပဲ။ အနံ့အသက်ပျောက်သွားပါလိမ့်မယ်။ 
 
ဆော်ဒါနဲ့ ပန်းသီးရှာလကာရည် 
လက်ချောင်းတွေကို ပန်းသီးရှာလကာရည်ထဲ စိမ်ပြီး လက်ချောင်းများပေါ် ဆော်ဒါဖြူးပေးပါ။ သေချာ ပွတ်တိုက်ပြီး ရေနဲ့ ဆေးကြောပါ။ 
 
ဆပ်ပြာနဲ့ ဇွန်း 
လုပ်ဆောင်ရမှာက အမြဲလုပ်နေကျအတိုင်း လက်ကို ဆပ်ပြာတိုက်ပြီး ရေစီးအောက်မှာ ထားပေးရုံပါပဲ။ ဒါပေမယ့် အခုအချိန်မှာ ဇွန်းတစ်ချောင်း အသုံးပြုရပါမယ်။ လက်ကို ဇွန်းနဲ့ ပွတ်တိုက်ပါ။ အနံ့အသက် ပျောက်သွားပါလိမ့်မယ်။ 
 
Ref:finelivingadvice
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.