လက်သည်းဆိုးဆေးက ကိုယ်အလေးချိန်ကို တက်စေနိုင်

nails_2.jpg

လက်သည်းဆိုးဆေးတွေမှာ အလေးချိန်တက်စေနိုင်တဲ့ Triphenl phosphate (TPHP) ဓာတုပစ္စည်း ပါဝင်ကြောင်း Duke University နဲ့ Environmental Working Group က သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လက်သည်းဆိုးဆေးပေါင်း ၃,၀၀၀ ကျော်ကနေ TPHP ပါဝင်မှု ၄၉ ရာခိုင်နှုန်း ရှိကြောင်း သုတေသီတွေရဲ့အဆိုအရ သိရပါတယ်။

လက်သည်းဆိုးဆေး brand တွေဟာ မျိုးပွားမှုပြသနာတွေနဲ့ ဆက်စပ်တဲ့ ဓာတုတစ်မျိုးဖြစ်တဲ့ phthalates နေရာမှာ TPHP ကို အစားထိုးအသုံးပြုခဲ့ပေမယ့် ပိုမိုကောင်းမွန်တဲ့ အရာမဟုတ်ဘူးလို့ လေ့လာမှုများက ပြောဆိုနေကြပါတယ်။

Environment International မှာ ဖော်ပြတဲ့ လေ့လာမှုက ပါဝင်စမ်းသပ်ခံသူတွေကို TPHP ၁ ရာခိုင်နှုန်းပါဝင်တဲ့ လက်သည်းဆိုးဆေး မခြယ်ခင်နဲ့ ခြယ်ပြီး ကျင်ငယ်ရည်နမူနာ စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ ၂ နာရီကနေ ၆ နာရီအတွင်း စမ်းသပ်ခံသူ ၂၄ ယောက်မှာ ခန္ဓာကိုယ်မှာ TPHP လုပ်ဆောင်ခဲ့ကြောင်း အချက်ပြတဲ့ ဓာတုပစ္စည်း dephenl phosphate (DPHP) ပမာဏ အနည်းငယ် မြင့်တက်ခဲ့ပါတယ်။ ၁၀ နာရီကနေ ၁၄ နာရီအတွင်း စမ်းသပ်ခံသူတိုင်းရဲ့ DPHP ပမာဏ ၇ ဆ ပိုမြင့်တက်ခဲ့ပါတယ်။

TPHP ဆိုတာ ဟော်မုန်းအနှောင့်အယှက်ဖြစ်စေပြီး ကိုယ်အလေးချိန်တက်စေနိုင်တဲ့ endocrine ဖြစ်စေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ယခင်လေ့လာမှုတွေက အမျိုးသမီးတွေမှာ အမျိုးသားတွေထက် TPHP ထက်ပို ဖြစ်ပွားကြောင်းလည်း ဖော်ပြထားပါတယ်။

Environment Working Group မှ လက်သည်းဆိုးဆေးကုမ္ပဏီတွေကို TPHP သန့်စင်ဖယ်ရှားဖို့ မေတ္တာရပ်ခံပြီး ယင်းဓာတုပစ္စည်းပါဝင်တဲ့ brand တွေရဲ့ အချက်အလက်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

Ref: yourtango 

118 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.