YouTube အသုံးပြုပြီး မိမိကိုယ်ပိုင် Music Playlist လေးတစ်ခု ဖန်တီးကြမယ်

stereotube-for-playbook.jpg

YouTube ဟာ အင်တာနက်ပေါ် သီချင်းတွေ ရှာဖွေရာမှာ အထူးကောင်းမွန်တဲ့ source တစ်ခုဖြစ်ပြီး မိမိကိုယ်ပိုင် Playlist ဖန်တီးနိုင်တာမို့ သီချင်းနားထောင်ရာမှာ အဆင်ပြေကောင်းမွန်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

YouTube ကနေ မိမိနားထောင်ချင်တဲ့ သီချင်းကို သီချင်းအမည်နဲ့ဖြစ်ဖြစ်၊ အဆိုတော် နာမည်နဲ့ဖြစ်ဖြစ် ရှာပြီး ညာဘက်ပေါ်ထောင့်က အတုံးလေးပေါ်ထောက်ပြီး Add to button လေး နှိပ်ပါ။ ပေါ်လာတဲ့ အကွက်ထဲမှာ ကိုယ်ပေးချင်တဲ့နာမည်  ရိုက်ထည့်၊ (public unlisted or private) ရွေးပြီး create နှိပ်ရပါမယ်။ တခြား add လုပ်ချင်တဲ့ သီချင်းတွေလည်း ညာဘက်ပေါ်ထောင့်က အတုံးလေးပေါ်ထောက်ပြီး ထည့်လိုက်ရုံပါပဲ။ ဥပမာ – ကိုယ်ကာယလေ့ကျင့်ခန်း လုပ်နေစဉ် ဒါမှမဟုတ် ပါတီပွဲတစ်ခုခုမှာ ဖွင့်နားထောင်လိုတဲ့ သီချင်း playlist တစ်ခု ဖန်တီးနိုင်ပါတယ်။

Playlist ပြုလုပ်ပြီးသွားရင် play all နှိပ်ပြီး အစကနေ အဆုံးထိ တောက်လျောက်နားထောင် နိုင်ပါပြီ။ တကယ်လို့ ဖွင့်ထားတဲ့ သီချင်းကို မကြိုက်ဘူးဆိုရင် Next button သို့မဟုတ် End key နှိပ်ပြီး ကျော်နိုင်ပါတယ်။ 

Ref: computerhope 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.