မိမိအသားအရေကနေ ပြောပြပေးနိုင်တဲ့ အရာ (၄) ခု

twenty20_47378da2-1abb-4170-92dd-f11a9fd40f49.jpg

မိမိအသားရေကို အနီးကပ်ကြည့်ရှုမယ်ဆိုရင် သင့်မျက်နှာအသားအရေကနေ သင့်ကိုပြောပြပေးနေတဲ့ အချက်များစွာရှိပါတယ်။ ကိုယ်ခန္ဓာရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ အရေပြားက အကာအကွယ်တစ်ခုအဖြစ် ဆောင်ရွက်ပေးတဲ့အပြင် ကျန်းမာရေးနဲ့ အလေ့အထတွေအားလုံးအပေါ် အသိအမြင်လည်း ရရှိစေပါတယ်။ သတိထားဖို့နဲ့ ဘယ်ပုံဘယ်နည်း ကုသမလဲဆိုတဲ့ အချက် (၄) ချက်ကတော့…

၁။ မျက်လုံးအောက် အရေပြားတွေ ခြောက်သွေ့နေရင် သင် ရေအလုံအလောက် မသောက်လို့ပါ။ ရေဓာတ်ခန်းခြောက်မှုက အသားရေ ထိခိုက်စေပါတယ်။ အထူးသဖြင့် မျက်လုံးတစ်ဝိုက် အရေပြားကို တင်းမာပြီး အတွန့်တွန့်ဖြစ်စေပါတယ်။ တစ်နေ့ ရေ (၈) ခွက် မဖြစ်မနေသောက်ဖို့ ရည်မှန်းချက်ထားပါ။ မကြာမီ အသားရေ ပိုမိုချောမွေ့လာပါလိမ့်မယ်။

၂။ ပုံမှန်ထက် နဖူး ပိုအဆီပြန်နေပါက အလွန်အကျွံ ဆေးကြောသန့်ရှင်းနေမိတာလို့ပါပဲ။ ပူအိုက်ပြီး ချွေးတပြိုက်ပြိုက်ကျတဲ့ လတွေမှာတောင် ဒီလိုဖြစ်တတ်ပါတယ်။ အမှန်တော့ တစ်ရက် တစ်ကြိမ်ထက် ရေချိုးတာက အသားရေပိုအလုပ်လုပ်စေပြီး sebum ပိုထုတ်လုပ်ပေးတဲ့ အဆီတွေ အကုန်ရှင်းထုတ်ပစ်ပါတယ်။

၃။ ပါးစပ်နားတဝိုက် အနာပေါက်နေပါက မျက်နှာကို မကြာခဏ ထိကိုင်မှု များလွန်းတာကြောင့်ပါ။ အန္တရာယ်မရှိတဲ့ အပြုအမူလို့ ထင်ရတဲ့အရာတွေက မျက်နှာအသားအရေကို ဒုက္ခပေးနေတဲ့ နောက်ကွယ်က အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ မေးစေ့ကို အကြောင်းမဲ့ ပွတ်သပ်ပေးမှုတွေ သတိပြုပါ။

၎။ ပါးမို့တွေ ကော်ဖတ်လို ခံစားလာရင် ဒါ လေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်ပါတယ်။ မြို့ပြလေထုနဲ့ ထိတွေ့မှုပိုများလာခြင်းက အသားရေ မွဲခြောက်ပြီး ကြမ်းတမ်းစေနိုင်ပါတယ်။ မနက်အပြင်မထွက်ခင် နေပူခံလိမ်းဆေးအောက်မှာ antioxidant serum တစ်လွှာခံပြီး ညတိုင်း ညတိုင်းလည်း မျက်နှာကို သေချာဆေးကြောသန့်စင်ပေးပါ။ 

Ref: purewow 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.