သိပ္ပံပညာရှင်များပြောတဲ့ အတ္တသမားစစ်စစ်တွေ လုပ်တတ်တဲ့ အမူအကျင့်

gym_selfies_.jpg

မိမိရဲ့ကိုယ်ကာယလေ့ကျင့်ခန်းနောက်ဆုံးရလဒ်တွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေတွေကို လူမှုမီဒီယာစာမျက်နှာပေါ် တင်တာ ဝါသနာပါလား။ အကယ်၍ ဝါသနာပါတယ်ဆိုရင်တော့ သင်ဟာ အတ္တပေမဝါဒီပီသသူတစ်ယောက်ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဖွင့်ဟလိုက်ပါတယ်။

လန်ဒန်မြို့ Brunnel University မှ ပြုလုပ်တဲ့ လေ့လာမှုအသစ်တစ်ရပ်က လူတွေကို အွန်လိုင်းပေါ် သူတို့ share လုပ်တဲ့ အကြောင်းအရာတွေရဲ့ အမျိုးအစားအလိုက် ပင်ကိုယ်စရိုက်လက္ခဏာတွေ အုပ်စုခွဲသတ်မှတ်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီတော့ အတ္တပေမဝါဒီဆိုတဲ့အပိုင်း ဘယ်က ဝင်ရောက်လာoလဲ။ အတ္တပေမဝါဒီစတဲ့ အုပ်စုတွေကို ပင်ကိုယ်စရိုက်လက္ခဏာတွေနဲ့ သတ်မှတ်ထားပါတယ်။ ထုံးစံအတိုင်း အတ္တသမားတွေဆိုတာ သူတို့အောင်မြင်ဖြစ်ထွန်းမှုတွေ အကြောင်းစုံကို ဝေမျှဖို့ ခုံမင်တာကလွှဲရင် သဘောကျတာ ဘာတစ်ခုမှ မရှိပါဘူး။

ဒီတော့ အတ္တသမားစစ်စစ်တွေဟာ သူတို့ရဲ့ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ဆောင်မှုကနေ ရတဲ့ရလဒ်ကောင်းတွေ ကမ္ဘာက မြင်တွေ့ ချီးကျူးအောင် လူမှုမီဒီယာပေါ်တင်ကြမှာ သဘာဝကျပါတယ်။

အလေးမနေစဉ်ပုံတွေ share တာဟာ အတ္တပေမဝါဒီတွေ လူမှုမီဒီယာပေါ် လုပ်နေကျ တစ်ခုတည်းသောအရာတော့ မဟုတ်ပါဘူး။ သူတို့ ခန္ဓာကိုယ်ထိန်းသိမ်းရတာ ဘယ်လောက်ပီတိဖြစ်ကြောင်း လူတွေသိအောင် အချက်အလက်တွေကိုလည်း ဝေမျှနိုင်ခြေ ရှိပါသေးတယ်။

Ref: yourtango

220 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.