အသက် ၄ နှစ်မှာ ကိုးတန်းစတက်ခွင့်ရတဲ့ ပါရမီရှင်

ananya-6_1471936880.jpg
အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်က Ananya Verma ဆိုတဲ့ မိန်းကလေးက အသက် ၄ နှစ်အရွယ်မှာ ကျောင်းဘုတ်အဖွဲ့ရဲ့ စစ်ဆေးဆုံးဖြတ်ပေးမှုနဲ့ ၉တန်းအဆင့် တက်ရောက်ဖို့ အဆင့်မီသူတစ်ယောက်အဖြစ်  စတင်တက်ရောက်နိုင်ခဲ့ပါတယ်။ သူမက တခြားကလေးတွေ စာဘယ်လိုရေးရမယ်၊ စကားလုံးတွေကို ဘယ်လိုဖတ်ရမလဲဆိုတာကို စပြီး ခက်ခက်ခဲခဲသင်ယူနေရတဲ့အရွယ်မှာ Ananya က လူကြီးတစ်ယောက်လို အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ပြီး သတင်းစာတွေကို ဖတ်နေနိုင်ပြီဖြစ်ပါတယ်။
 
သူက အသက် ၇ နှစ်မပြည့်ခင်မှာ ၁၀ တန်းစာမေးပွဲကို စစ်ဆေးအောင်မြင်သွားမယ်ဆိုရင်တော့ Limca စံချိန်မှတ်တမ်းစာအုပ်မှာ ထည့်သွင်းခြင်းခံရတော့မှာဖြစ်ပါတယ်။ သူ့ရဲ့ အသက် ၄ နှစ်၊ ၈လနဲ့ ၂၁ ရက်ပြည့်ချိန်မှာ Lucknow မှာရှိတဲ့ St Meera’s Inter ကောလိပ်ဝင်ခွင့်ဖြေဆိုခဲ့တာဖြစ်ပါတယ်။
 
အသက် ၁ နှစ်နဲ့ ၉ လအရွယ်မှာ Ananya က ရာမယနအကြောင်းကို ဖတ်နိုင်နေပြီဖြစ်ပါတယ်။ Ananya ရဲ့ ဖခင်ဖြစ်သူက ကျွန်တော်တို့ သူ့ကို တစ်ခါမျှ စာလုပ်ဖို့မပြောဖူးပါဘူး။ ကျွန်တော်တို့က အံအားသင့်စရာကောင်းအောင် ထူးချွန်တဲ့ သားသမီးတွေကို ရထားတဲ့ ဘုရားသခင်ဖန်ဆင်းပေးထားတဲ့ မိသားစုပဲဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ Ananya ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ မွေးချင်းနှစ်ယောက်ဖြစ်တဲ့ Shailendra နဲ့ Sushma နှစ်ယောက်စလုံးကလည်း ပါရမီရှင်လို့ သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။
 
အကိုဖြစ်သူ Shailendra က အသက် ၁၃ နှစ်အရွယ်မှာ BSc ဘွဲ့ရရှိခဲ့သူတစ်ဦးဖြစ်သလို အမဖြစ်သူ Sushma က အသက် ၁၅နှစ်အရွယ်မှာ BBAU+မှာ PhD တက်ရောက်ခွင့်ရရှိထားသူဖြစ်ပါတယ်။ နောက်ပြီး သူမက ၂၀၀၇ ခုနှစ်က အသက် ၇ နှစ်၊ ၃ လနှင့် ၂၈ ရက်အရွယ် ၁၀ တန်းစာမေးပွဲကိုအောင်မြင်ခဲ့တဲ့ အငယ်ဆုံးကျောင်းသားအဖြစ် Limca မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
 
အခုအချိန်မှာတော့ နောက်နှစ်နှစ်အတွင်းမှာ Ananya က အမဖြစ်သူရဲ့ အငယ်ဆုံး ဆယ်တန်းအောင်မြင်သူစံချိန်ကို ချိုးနိုင်ဖို့ အလားအလာရှိသူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။
 
Ref:indiatimes
 
368 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.