Tianjin က ကမ္ဘာ့အမြင့်ဆုံး ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါ် တက်ခဲ့တဲ့ မိုက်ရူးရဲစုံတွဲ

couple_climb_construction_site_2.jpg

ချစ်သူစုံတွဲအများစုဟာ စားသောက်ဆိုင်တစ်ခုခုသွား ဒါမှမဟုတ် အပျော်တမ်း ဗီဒီယိုလေးတွေရိုက်ကြ ဒါတွေလုပ်နေချိန်မှာ ဒီလို သမရိုးကျလုပ်ဆောင်ချက်တွေက ဒီရုရှားစုံတွဲအတွက်တော့ မလုံလောက်တော့ပါဘူး။ Ivan Kuznetsov နဲ့ Angela Nikolau တို့ဟာ တရုတ်နိုင်ငံ Tianjin က ၆၄၀ မီတာအမြင့်ရှိ  ကမ္ဘာ့အမြင့်ဆုံး ဆောက်လုပ်ရေးလုပ်ငန်းခွင် Goldin Finance 117 Tower ပေါ် တွယ်တက်ပြီး သူတို့ရဲ့ စုံတွဲဘဝကို နောက်တစ်ဆင့် တိုးမြှင့်ခဲ့ကြပါတယ်။

တရုတ်ပြည်ဟာ မိုးမျှော်တိုက်တွေနဲ့ မစိမ်းပါဘူး။ သူတို့တွေဟာ Shanghai Tower China World Trade Center Tower II နဲ့ ဟောင်ကောင်နိုင်ငံက မိုးမျှော်တိုက် အမျိုးမျိုးတက်ဖူးပြီးသား ဖြစ်ပါတယ်။ တစ်ဖက်မှာ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ လုံခြုံရေးတင်းကျပ်ထားမယ်ဆိုတာ စဉ်းစားထားရပါမယ်။

Ivan ဟာ သူ့ချစ်သူကောင်မလေးနဲ့အတူ ဒီ ၆၄၀ မီတာမြင့်အဆောက်အဦးပေါ်မတက်ခင် အရင်က Effiel Tower ပေါ် တက်ခဲ့ဖူးပါတယ်။ အဲဒီခရီးစဉ်ကို Travel Ticker မှ စီစဉ်ထားပြီး ယင်းစုံတွဲတွေကို အန္တရာယ်ကင်းရှင်းရေးကြိုးချိတ်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။ 

ခုတစ်ခေါက်လည်း ကံကောင်းထောက်မစွာနဲ့ မတော်တဆဖြစ်ပွားမှုတွေ မရှိဘဲ လုံခြုံရေးအရာရှိတွေကိုပါ အောင်မြင်စွာ ရှောင်ကွင်းနိုင်ခဲ့ပါတယ်။ China 117 လို့လည်း သိရတဲ့ Goldin Finance 117 ဟာ ၂နှစ် ၃နှစ်အတွင်း ဆောက်လုပ်ပြီးစီးမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ်မိုက်ရူးရဲစုံတွဲတွေအတွက် အချိန်များစွာ ရှိနေပါသေးတယ်လို့ ဆိုရပါမယ်။ 

Ref: shanghaiist 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.