၂၀၁၆ အတွက် ကမ္ဘာ့ဝင်ငွေအမြင့်ဆုံး ထိပ်တန်းအမျိုးသမီး သရုပ်ဆောင် (၁၀) ဦး

download.jpg

Forbes မဂ္ဂဇင်းရဲ့ နောက်ဆုံးအချမ်းသာဆုံး စာရင်းအရ Jennifer Lawrence ဟာ ကမ္ဘာ့ဝင်ငွေအများဆုံး အမျိုးသမီးသရုပ်ဆောင် ဖြစ်ပါတယ်။ The Hunger Games မင်းသမီးလေးဟာ ကျန်ခဲ့တဲ့ ၁၂ လအတွင်း အခွန်မနှုတ်မီ ၄၆ မီလျှံဒေါ်လာ ဝင်ငွေနဲ့ အထွတ်အထိပ်ရောက်ရှိသွားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် အကယ်ဒမီဆုရရှိထားတဲ့ အဆိုပါမင်းသမီးဟာ ဇွန်လ ၂၀၁၅ နဲ့ ဇွန်လ ၂၀၁၆ ခုနှစ်အတွင်း ရုပ်ရှင်လောကအကျော်အမော်တွေရဲ့ ဝင်ငွေစာရင်းမှာ အသက်အငယ်ဆုံးလည်း ဖြစ်ပါတယ်။ ထိပ်တန်း ၅ ယောက်ထဲမှာ အသီးသီးပါဝင်ဖူးခဲ့ကြတဲ့ Melissa McCarthy၊ Scarlet Johansson နဲ့ Jennifer Aniston တို့ကို ကျော်တက်ဦးဆောင်မှု ရရှိထားပါတယ်။

Lawrence ဟာ ၅၂ မီလျှံဒေါ်လာ ငွေဝင်ရရှိပြီးနောက်ပိုင်းမှာတော့ ထိပ်ဆုံးသို့ ရောက်လာခဲ့တာပါ။ ဒီအမေရိကန်အမျိုးသမီးသရုပ်ဆောင်ဟာ လူကြိုက်များတဲ့ The Hunger Games မှာ ပါဝင်သရုပ်ဆောင်ခွင့်ရရှိပြီးနောက် အကျိုးအမြတ်တသီကြီး ရရှိခဲ့ပါတယ်။ နောက်ထွက်ရှိမယ့် Passengers ရုပ်ရှင်ဇာတ်ကားကနေ ကြိုတင်ပေးငွေများစွာ ရရှိမယ်လို့လည်း ယုံကြည်ထားပါတယ်။

Forbes ကနေ ဖော်ပြတဲ့ ၂၀၁၆ ခုနှစ်အတွက် ဝင်ငွေအများဆုံးထိပ်တန်းအမျိုးသမီးသရုပ်ဆောင် (၁၀) စာရင်းကတော့…

10) Deepika Padukone ($10 million)

9) Mila Kunis ($11 million)

8) Julia Roberts ($12 million)

7) Amy Adams ($13.5 million)

6) Charlize Theron ($16.5 million)

5) Fan Bingbing ($17 million)

4) Jennifer Aniston ($21 million)

3) Scarlett Johansson ($25 million)

2) Melissa McCarthy ($33 million)

1) Jennifer Lawrence ($46 million)

Ref: Mirror 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.