ကျန်းမာရေးကောင်းစေတယ်လို့ လူတွေအထင်မှားနေတဲ့ အစားအစာများ

acai-berry-slim-bio-5.jpg

ကျွန်တော်တို့ ဟာ ကျန်းမာရေးကို အလွန်ကောင်းစေတယ်ဆိုတဲ့ အစားအစာ တစ်ခု ရေပန်းစားနေပြီဆိုရင် အိမ်က ရေခဲသေတ္တာထဲကဟာတွေ အကုန်ထုတ်ပြီး အဲဒီ စူပါအစားအစာတွေပဲ ဖြည့်ဖို့ ဝန်မလေးကြပါဘူး။ တစ်ချို့ စူပါအစားအစာတွေက တကယ့် တကယ်တမ်းမှာ ထင်သလောက် မနိပ်ပါဘူး။ အစားအသောက်ပိုင်းမှာလည်း လူတွေ ပေါ်ပင်လိုက်လုပ်နေကြတဲ့အရာတွေကို ရှောင်ကြဉ်နိုင်အောင်လို့ စုစည်းတင်ပြလိုက်ပါတယ်။

၁။ အုန်းဆီ  (Coconut Oil)

အနောက်နိုင်ငံကလူတွေဟာ ဟင်းချက်ရာမှာ ထောပတ်အစား စားအုန်းဆီကို အစားထိုး အသုံးပြုမှုက မြင့်တက်လျက် ရှိပါတယ်။ အသားအရေစိုပြည်အောင် လိမ်းကြသလို ဆံသားကောင်းဖို့ လည်း လိမ်းကြပါတယ်။ စားအုန်းဆီမှာ ပြည့်ဝဆီ ကိုးဆယ်ရာခိုင်နှုန်း ပါဝင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ HDL ကိုလက်စထော ပါဝင်လို နှလုံးရောဂါအန္တရာယ်ရှိစေတဲ့ LDL ကိုလက်စထောလည်း များပြားပါတယ်။

၂။ Matcha ( Green Tea အမှုန့် )

Antioxidants ပေါကြွယ်ဝပြီး ကိုယ်ခံစွမ်းအားမြင့်တက်စေတယ်ဆိုတဲ့ ဒီ Matcha အမှုန့် ကလည်း နာမည်ကြီးပါပဲ။ သင်သောက်သုံးမယ့်အရာထဲ သင့်တော်သလောက် သာ ထည့်မယ်ဆိုရင်တော့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်ပေမယ့် တစ်ချို့ အမှုန့် တွေက အရသာပိုမိုကောင်းမွန်အောက်လို့ သကြားတွေဖြည့်စွက် ထားတတ်ပါတယ်။ ဒါ့အပြင် green tea အရွက်မှာ စစ်ထုတ်လို့ မရတဲ့ ခဲသတ္တုဓာတ် ပါဝင်တာမို့ သတိထား စားသုံးသင့်ပါတယ်။  

၃။ Acai Berry သီး

Antioxidant ပေါကြွယ်ဝတဲ့ Acai Berry သီး ဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာ မှန်ပေမယ့် ဈေးကွက်မှာ ရောင်းနေကြတာက ဒီအသီးဖျော်ရည်နဲ့ အမှုန့် တွေဖြစ်တာကြောင့် ဖြည့်စွက်ထားတဲ့ သကြားနဲ့ ကယ်လိုရီ တွေ ပါဝင်နိုင်ပါတယ်။

၎။ Chai Seeds ( ပူဒီနာမျိုးစိတ်ဝင်ပန်းပင်၏ အစေ့)

ပရိုတိန်း၊ ဖိုက်ဘာဓာတ်တွေ ပေါကြွယ်ဝတယ်ဆိုပေမယ့် ဒီအစေ့ဟာ ကျန်းမာရေးအတွက် ကောင်းကျိုး၊ဆိုးကျိုးဖြစ်စေလားဆိုတာ ထိထိရောက်ရောက်လေ့ လာထားမှုမရှိပါဘူး။ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များတာကြောင့် ၀မ်းမလျှောအောင် ကြည့်သုံးဖို့ လိုပါတယ်။

၅။ ကော်ဖီစေ့အစိမ်း

အမျိုးသမီးတွေအတွက် အဆီလောင်ကျွမ်းမှုကောင်းစေတယ်ဆိုတဲ့ ဒီအစေ့ကို အမျိုးသမီးအယောက် ၁၀၀ ကို စားသုံးစေခဲ့ရာမှာ နှစ်ပတ်အတွင်း နှစ်ပေါင်ခန့် ကျသွားကြောင်း လေ့လာတွေ့ ရှိမှု တစ်ခုရှိပါတယ်။ ဒါပေမယ့် သေချာခိုင်လုံတဲ့ သုံးသပ်ချက် ထုတ်ဖို့ အချက်အလက် ခိုင်ခိုင်လုံလုံတော့ မရှိပါဘူး။ ဒါပေမယ့် တစ်နေ့ တာအတွက် လိုအပ်တဲ့ ကဖီးဓာတ်ထက် ပိုမိုပါဝင်တာကြောင့် သတိထားသင့်ပါတယ်။

Ref: yourtango 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.