ကိုယ့်ကျောပြင်အမွေး ကိုယ်တိုင်ရိတ်လို့ရမယ့် baKblade အမွေးရိတ်စက်

bakblade-razor-for-shaving-back.jpg

နှစ်ပေါင်းများစွာကြာ နောက်ကျောမွှေး အမျှင်ထူသူ ကျောပြင်အမွှေးထူထဲမှု မနှစ်မြို့ သူတွေဟာ ဖယောင်းနဲ့အမွှေးချွတ်နည်း၊ သူငယ်ချင်းတစ်ယောက်ယောက်ကူရိတ်ခိုင်းတဲ့နည်းတွေ ကျင့်သုံးကြရပါတယ်။

ကျောပြင်အမွှေးအမျှင်ထူတဲ့ အတိဒုက္ခကို ဖြေရှင်းဖို့ စိတ်အားထက်သန်တဲ့ အမျိုးသားတချို့ ဖြေရှင်းနည်းတစ်ခု အကြံရရှိခဲ့ပါတယ်။ baKblade က ယောက်ျားလေးတွေအတွက် ကိုယ့်ကျောပြင် ကိုယ်ပြန်ရိတ်ဖို့ အသုံးပြုရန် ဒီဇိုင်းဆွဲဖန်တီးပြုလုပ်ထားတဲ့ တကယ်အသုံးတည့်တဲ့ razor တစ်ခုပဲ ဖြစ်ပါတယ်။

သူ့ရဲ့ S ပုံစံကွေးညွတ်ထားတဲ့ လက်ကိုင်က အမျိုးသားတွေကို ကျောပြင်ထိ အမွေးတွေကို ကိုယ်တိုင်ရိတ်စေနိုင်ပါတယ်။ တချိန်တည်းမှာပဲ အသားရေ စိုစို ခြောက်ခြောက် ချောမွေ့ညီညွတ်နေအောင် ရိတ်ပေးပါတယ်။

ဒီ baKblade သုံးတာ ထိရှမှု အန္တရာယ်ပိုနည်းပြီး ငုတ်တိုကျန်ရစ်မှု ပိုမိုနည်းပါးတယ်လို့ တီထွင်ဖန်တီးသူတွေ အခိုင်အမာပြောဆိုထားပြီး ကျောပြင်ကုတ်ရသကဲ့သို့ ခံစားရတယ်လို့ ဆိုပါတယ်။ 

Ref: Metro 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.