အရေပြားနဲ့ ဆံပင်အတွက် ရေအေးက ကောင်းလား၊ ရေနွေးက ပိုကောင်းလား

washface.jpg
ကျွန်မတို့အားလုံး တစ်နေ့တာလုံး ပင်ပန်းခဲ့တာတွေကို ရေနွေးနွေးလေးနဲ့ ချိုးလိုက်ခြင်းက ကြွက်သားတောင့်တင်းမှုတွေပြေလျော့သွားပြီး စိတ်ဖိစီးမှုတွေ ပျောက်သွားစေပါတယ်။ ဒါပေမဲ့ ရေနွေးက အရေပြားနဲ့ ဆံပင်အလှအပအတွက်တော့ အပြည့်အဝ ကောင်းကျိုးမဖြစ်စေပါဘူးလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ ဒါပေမဲ့ လူအများပြောနေကြသလို ရေအေးကို သုံးခြင်းကရော အလှအပအတွက် အကောင်းဆုံး ဖြစ်စေတယ်ဆိုတာ အမှန်ပါပဲလား။
တကယ်တော့ အလှအပအတွက် ရေနွေးနွေးနဲ့ ချိုးတာကို လုံးဝစွန့်ပစ်ပြီး အေးစက်နေတဲ့ရေနဲ့ပဲ ချိုးဖို့ မလိုပါဘူး။ ဆံပင်နဲ့ အရေပြားသန့်ရှင်းပြီး လှပဖို့အတွက် ရေအေးရော၊ ရေနွေးရော နှစ်ခုစလုံးလိုအပ်ပါတယ်။ ပညာရှင်တွေက နွေးနေတဲ့ရေက ခန္ဓာကိုယ်ကထွက်တဲ့ အဆီတွေကို ပိုပြီးဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။ အရေပြားပျက်စီးမှုကို ကာကွယ်ဖို့အတွက်နဲ့ အကောင်းဆုံးသန့်ရှင်းစေဖို့အတွက်ဆိုရင် ရေရဲ့အပူချိန်က ၁၁၀ ဒီဂရီဖာရင်ဟိုက်အောက်မှာပဲ ရှိသင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သဘာဝအဆီတွေကို ကာကွယ်ဖို့အတွက် ရေချိုးချိန်ကို ၁၀ မိနစ်လောက်ပဲ ကန့်သတ်ထားသင့်ပါတယ်။
ရေနွေးက နာကျင်နေတဲ့ကြွက်သားတွေနဲ့ ယားယံတဲ့အရေပြားအတွက်ကောင်းပေမဲ့ အရေပြားကို နီစပ်စပ်ဖြစ်စေသလို တခါတလေ ပိုပြီးယားယံစေပါတယ်။ ရေနွေးနဲ့ ချိုးလိုက်လို့ပွင့်သွားပြီး သန့်စင်သွားတဲ့ ချွေးပေါက်တွေကို ရေအေးနဲ့ချိုးလိုက်တဲ့အခါမှာ ပြန်ပြီးပိတ်သွားစေတဲ့အတွက် အရေပြားကို တင်းရင်းသွားစေပြီး အရမ်းကို ကောင်းမွန်တဲ့အရေပြားကိုရစေမှာ ဖြစ်ပါတယ်။
ရေအေးက အပေါ်ယံအရေပြားက သွေးကြောတွေကို ကျုံ့သွားစေပြီး အရေပြားနီမြန်းခြင်းနဲ့ ပွယောင်းယောင်းဖြစ်ခြင်းကို သက်သာစေပါတယ်။ ဆံပင်နဲ့ ပတ်သက်ရင်လည်း ရေနွေးနဲ့ အရင်လျှော်ပြီး နောက်ဆုံးမှ ရေအေးနဲ့ လျှော်ခြင်းက ကျန်းမာသန်စွမ်းတဲ့ ဆံပင်တွေကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ဓာတုပစ္စည်းအများအပြားပါဝင်တဲ့ ရှန်ပူတွေကို အသုံးပြုရင် ပိုပြီးကျန်းမာတဲ့ ဆံပင်ကို ရရှိစေဖို့အတွက် နှစ်ရက်သုံးရက်တစ်ကြိမ်ခေါင်းလျှော်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။
Ref:shefinds
137 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.