Special Effect Make Up ပိုင်းနဲ့ပတ်သက်ပြီး ပြည်ပကပြိုင်ပွဲတွေထိ သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ရည်ရွယ်ထားကြောင်း ပြောပြလာတဲ့ အိမီမီကို

received_m_mid_1472004723139_4823b5bde7e2a7b644_0.jpeg

စိုက်ပျိုးရေးနဲ့ဘွဲ့ရခဲ့ပေမဲ့ မိတ်ကပ်ပိုင်းနဲ့ပတ်သက်ပြီး လုံးဝကို စိတ်ဝင်စားမှုမရှိခဲ့သလို မိတ်ကပ်အထူးပြုလုပ်ချက်က ငယ်ဘ၀အိပ်မက်လဲမဟုတ်ခဲ့ဘူးလို့ပြောပြလာသူက အိမီမီကိုပါ။ မိတ်ကပ်ပိုင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုအားနည်းခဲ့ပေမဲ့ ရုပ်ရှင်တွေကိုတော့ ကြည့်ရတာ ၀ါသနာထုံသူဖြစ်ပြီး ရုပ်ရှင်နောက်ကွယ်က Behind The Scene တွေကိုတော့ အလွန်စိတ်ဝင်စားခဲ့တယ်လို့သိရပါတယ်။ ကုမ္ပဏီဝန်ထမ်းတစ်ဦး လုပ်ခဲ့ဖူးတဲ့သူမက အားတဲ့အချိန်တွေမှာ Youtube က Special Effect Make Up ပြင်ဆင်မှုတွေကိုလေ့လာပြီး စိတ်ဝင်တစားလိုက်လုပ်ခဲ့ရာမှ ၀ါသနာပါသွားခဲ့ပြီး သတ်ကွင်းဇာတ်ကားမှစတင်ကာ Special Effect Make Up ကိုစပြင်ပေးဖြစ်ကာ တခြားဇာတ်ကားများကိုပါ လိမ်းပေးဖြစ်လာတဲ့ အိမီမီကိုရဲ့ မိတ်ကပ်အထူးပြုလုပ်ချက်နဲ့ပတ်သက်ပြီး သိလိုသမျှကိုမေးမြန်းဖြစ်တဲ့အခါ

-Special Effect Make Up ပိုင်းကို ဘယ်အရွယ်ကစပြီး ၀ါသနာပါခဲ့တာလဲ။

အစ်မ မိတ်ကပ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုက ငယ်ငယ်ကတည်းကရှိတယ်။ ဒါပေမဲ့ အလှမိတ်ကပ်ပေါ့။ Special Effect Make Up ကျတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်မှ အစ်မ စပြီးစိတ်ဝင်စားခဲ့တယ်။ အဲ့ဒါကြောင့် youtube ကဗီဒီယိုတွေကြည့်ပြီးလိုက်လုပ်ကြည့်တယ်။ အစ်မ က အစကဆို အလှမိတ်ကပ်ပြင်တာတောင် သိပ်စိတ်မ၀င်စားဘူး။ အစ်မက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တာ အဲ့ဒီလိုလုပ်နေရင်းကနေ အစ်မ youtube မှာ Special Effect Make Up ပိုင်းနဲ့ပတ်သက်ပြီး အမြဲကြည့်တယ်။ လေ့လာတယ်။ အိမ်မှာ အစမ်းလုပ်ကြည့်ရင်းကနေ ၀ါသနာအရမ်းပါသွားတာ သဘောလဲကျတယ်။ ပြင်ရတာကိုလဲကြိုက်တယ်။ အဲ့ဒါကြောင့် Special Effect Make Up ပိုင်းကို စမ်းပြင်ကြည့်ရင်း ပြင်ကြည့်ရင်းကနေ ကိုသားညီဒါရိုက်တာလုပ်ရိုက်တဲ့ သတ်ကွင်းဆိုတဲ့ ကားကြီးမှာစပြီး ဒဏ်ရာပြင်ပေးဖြစ်တာပေါ့။

-သင်တန်းတွေဘာတွေတက်ထားတာမျိုးရောရှိလား။

သင်တန်းက အဲ့ဒီသတ်ကွင်းကားမှာ စပြင်ပေးပြီးမှ ဆရာအောင်ကျော်ထွန်းက Special Effect Make Up ပိုင်းနဲ့ပတ်သက်ပြီး သင်တန်းဖွင့်မယ်ဆိုတော့ အဲ့ဒီမှာစတက်တယ်။ ဆရာအောင်ကျော်ထွန်းနဲ့တူတူတွဲလုပ်တယ်။ အရင်ကသင်တန်း လုံးဝမတက်ခဲ့ဖူးဘူး။။ Youtube မှာလေ့လာတယ်။ နောက်အိမ်မှာ စမ်းလုပ်ကြည့်တယ်။ ပြီးတော့ သတ်ကွင်းကားကြီးမှာ စလိမ်းပေးဖြစ်တယ်။ အဲ့ဒီမှာလိမ်းပြီးမှ ဆရာအောင်ကျော်ထွန်းကသင်တန်းဖွင့်မယ်ဆိုတော့ ၄လသင်တန်းစတက်ဖြစ်တယ်။ အဲ့ဒီမှာပြီးတော့ အခုချိန်ထိဆရာအောင်ကျော်ထွန်းနဲ့တွဲလုပ်တယ်ပေါ့။ သတ်ကွင်းမှာစလိမ်းပေးတုန်းကဆို ကိုယ်ကသင်တန်းမတက်ထားတဲ့အတွက် ဆရာကလဲ သင်တန်းမဖွင့်သေးတော့ Special Effect Make Up ပိုင်းနဲ့ပတ်သက်ပြီး ဆရာ့ကိုမေးရတယ်။ ဆရာနဲ့တိုင်ပင်ဖြစ်တယ်။ ဆရာကလဲအစစအရာရာကူညီပေးတယ်။ အဲ့ဒီမှာပြင်ပြီးမှ ဆရာကသင်တန်းဖွင့်မယ်ဆိုတော့ တက်ဖြစ်သွားတာပေါ့။

[[{“fid”:”17665″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]

-Special Effect Make Up နဲ့ပတ်သက်ပြီး ကိုယ်ဝါသနာပါတယ်လို့သိလိုက်ရတဲ့အချိန်မှာ ဘယ်လိုလေ့လာမှုမျိုးတွေရော လုပ်ဖြစ်လဲ။

Website တွေကြည့်တယ်။ Youtube ကနေလေ့လာတယ်။ နောက်ပြီး အိမ်မှာ ညဖက်အားရင်ကိုယ့်မျက်နှာပေါ်ကိုယ်ပြင်ဖြစ်တယ်။ ပြီးတော့ အိမ်ကလူတွေကိုလဲ လိုက်ပြင်ပေးဖြစ်တယ်။

-သုံးတဲ့ မိတ်ကပ်အမျိုးအစားနဲ့ Special Effect Make Up ပြုလုပ်တဲ့အချိန်မှာ လိုအပ်တဲ့ ပစ္စည်းလေးတွေကိုလဲသိချင်ပါတယ်။

Special Effect Make Up လုပ်တော့မယ်ဆိုရင် အစ်မအဓိကသုံးတာက Mehorn ၊ Bennye အဲ့ဒီနှစ်မျိုးက အဓိကသုံးဖြစ်တယ်။ အဲ့ထဲကမှ Liquid latex တို့scar waxတို့ကိုသုံးပြီးလိမ်းရတာပေါ့။ နောက်ကာလာညှိတဲ့မိတ်ကပ်လေးတွေကတော့ ဒီကပဲ ၀ယ်ဖြစ်တယ်။ အဲ့ဒါလေးတွေနဲ့လဲသုံးလို့ရတယ်။ နောက်သွေးအတု လုပ်တယ်။ သွေးဆိုရင် အရင့်ရှိတယ်။ အဖျော့ရှိတယ်။ တစ်ခါတစ်လေကျရင်လဲ နှုတ်ခမ်းနီပဲ သုံးတယ်။ အပ်နဲ့လုပ်တဲ့ဟာမျိုးဆို အပ်ကတော့ အစစ်သုံးတယ်။ မျက်လုံးကို ထိုးမယ်ဆိုရင် မျက်လုံးအတုသုံးတယ်။ ကိုယ်ပြင်ပေးတဲ့တောက်လျှောက်တော့ ထိခိုက်တာမျိုး မရှိသေးဘူး။။ ဒါပေမဲ့ အန္တရယ်လဲမဖြစ်နိုင်ဘူး။ ဒါပေမဲ့ အလွန်ဆုံးမှ အလက်ဂျီလောက်ပဲဖြစ်တတ်တယ်။ ဒါကလဲ မိတ်ကပ်သားမတည့်တဲ့သူတွေပေါ့။ Sensitive ဖြစ်တဲ့အသားအရေမျိုးတွေဆို အလက်ဂျီထတာမျိုးတွေတော့ဖြစ်တတ်တယ်။

-Special Effect Make Up နဲ့စပြီးဒီလောကထဲကိုဝင်ရောက်ခဲ့တာဆိုတော့ အလှမိတ်ကပ်ပိုင်းကိုရော စိတ်ဝင်စားတာမျိုးမရှိဘူးလား။

ရှိတယ်။ အစကတော့ အလှမိတ်ကပ်ကိုသိပ်စိတ်မပါဘူး။ လိမ်းတာလဲဝါသနာမပါဘူး။ ဒါပေမဲ့ ဒီဒဏ်ရာတွေကိုပြင်ဖြစ်တဲ့နောက်ပိုင်းမှာ လိမ်းနေရင်းနဲ့ အလှမိတ်ကပ်ပိုင်းကလဲ လိုအပ်လာတာမျိုးကိုတွေ့လာရတယ်။ အဲ့ဒါကြောင့်အလှမိတ်ကပ် ပိုင်းကိုလဲ နည်းနည်းစိတ်ဝင်စားလာတယ်။ လေ့လာနေတာမျိုးတွေလဲအခုရှိလာတယ်ပေါ့။ နောက်ပိုင်းမှာတော့ လိမ်းဖြစ်မှာပါ။ အခုလောလောဆယ်ကတော့ မျက်ခုံးမွှေးကို တက်တူးထိုးပေးတဲ့ သင်တန်းတက်နေပါတယ်။ မျက်ခုံးမွှေးတက်တူး 3D တို့6D တို့တက်နေပါတယ်။ အဲ့ဒါကတော့ Art Creation မှာတက်နေတာပေါ့နော်။

[[{“fid”:”17666″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]

-ကိုယ်က သင်တန်းကလာတဲ့သူမဟုတ်တဲ့အတွက် Special Effect Make Up ပိုင်းနဲ့ပတ်သက်ပြီး အဲ့ဒီပညာရပ်က အစ်မအတွက်ခက်ခဲတယ်လို့ပြောလို့ရလား။

အစပိုင်းမှာသင်တန်းမတက်ထားတော့ ကိုယ်နဲ့လဲနည်းနည်းစိမ်းတော့ အခက်အခဲလေးတွေတော့ရှိတယ်။ ဒါပေမဲ့ကိုယ်ကဘာပဲလုပ်လုပ် ကိုယ်တစ်ယောက်တည်းမဆုံးဖြတ်ဘူး။ အစ်မချစ်သူကိုမေးတယ်။ ဘယ်လိုနေလဲ။ အဆင်ပြေလား။ လိုအပ်တာတွေရှိလားပေါ့။ သူကလဲ ဘေးကနေကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ၀ိုင်းစဉ်းစားပေးတယ်။ အကြံဥာဏ်တွေပေးတယ်။ ပြီးတော့ ဆရာအောင်ကျော်ထွန်းကလဲပြောပြပေးတော့ အဆင်ပြေပါတယ်။ Special Effect ရဲ့သဘောတရားက အပြင်မှာဖြစ်တဲ့ဒဏ်ရာတွေကိုတူအောင်ပြင်ပေးရတာဆိုတော့ ကိုယ်က အပြင်မှာဖြစ်တဲ့ဒဏ်ရာတွေကိုလေ့လာဖြစ်တယ်။ ပြီးတော့ကိုယ့် အိုင်ဒီယာနဲ့ပေါင်းပြီး အကောင်းဆုံးဖြစ်အောင်ပြင်ပေးရတာပေါ့။ ပြီးတော့ပစ္စည်းပိုင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာက အဲ့ဒါနဲ့ပတ်သက်ပြီးပစ္စည်းပိုင်းသိပ်မရှိတဲ့အတွက် အတတ်နိုင်ဆုံးတော့ တူအောင်လုပ်ရတာပေါ့။

-သတ်ကွင်းနောက်ပိုင်းမှာရော ဘယ်ဇာတ်ကားတွေအတွက်လိမ်းပေးဖြစ်သေးလဲ။

သတ်ကွင်းပြီးတော့ Deception ကားအတွက် ကရဗီကိုလိမ်းပေးဖြစ်တယ်။ ဥသာကျော်ကိုလိမ်းပေးဖြစ်တာက စွဲစွဲလန်းလန်း စူးစူးနစ်နစ်ဆိုတဲ့ ဇာတ်လမ်းတွဲအတွက်ပြီးတော့ X box ရဲ့အမ်တီဗီမှာလဲလိမ်းပေးထားတယ်။ နောက်နီနီခင်ဇော်ရဲ့ အမ်တီဗီမှာလဲလိမ်းပေးထားတယ်။ မနက်ဖြန်ရွှေထူးအမ်တီဗီမှာလိမ်းပေးဖို့ရှိတယ်။

-မိတ်ကပ်ပိုင်းနဲ့ပတ်သက်ပြီး ကိုယ်လေးစားအားကျတဲ့သူတွေရောရှိလား။

ဆရာအောင်ကျော်ထွန်းကိုတော့လေးစားတယ်။ ကိုယ့်ဆရာလဲဖြစ်သလို Special Effect Make Up ပိုင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုအများကြီးသင်ပေးတယ်။ ကူညီပေးတယ်။ အခုချိန်ထိလဲကူညီနေတုန်းပဲ။ သင်ပြပေးနေတုန်းပဲ။ အတူတူလက်တွဲလုပ်နေတုန်းပဲဆိုတော့ ဆရာ့ကိုတော့လေးစားတယ်။ နောက် Ellimacs သူ့ကိုတော့ကြိုက်တယ်။ ချောလဲချောတယ်။ သူပြင်ထားတာတွေကိုသဘောကျတယ်။

-ဆင်းန်ပေါ်မှာလိမ်းပေးတဲ့အခါမှာရော ဘယ်လိုအခက်အခဲတွေတွေ့ရသေးလဲ။

အနည်းအကျဉ်းတော့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ Special Effect Make Up လိမ်းတဲ့သူတော်တော်များများက လိမ်းပြီးရင် Air con ခန်းထဲမှာပဲရိုက်ကြတာများတယ်။ ဒါပေမဲ့ဒီမှာကျ အပြင်မှာလိမ်းရတာများတယ်။ အဲ့ဒီအခါကျတော့ နေပူတာတို့၊ လေတိုက်တာတို့ဆို သိပ်အဆင်မပြေဘူး။ ချွေးထွက်ရင်လဲပျက်တာမျိုးရှိတယ်။ အဲ့ဒီအခါကျရင် ပြန်လုပ်ပေးပါဦးပေါ့။ အဲ့ဒီလိုအခက်အခဲလေးတော့ရှိတယ်။ Special Effect နဲ့လိမ်းမယ်ဆိုရင် အဓိကက indoor ရိုက်ရင်တော့ အကောင်းဆုံးပေါ့နော်။

-သင်တန်းမှာသင်ပြပေးတာနဲ့ရှုတင်ပေါ်မှာပြင်တာနဲ့က ကွာခြားမှုရှိလား။

ရှိတယ်။ သင်တန်းမှာသင်ခဲ့တုန်းကနဲ့ ရှုတင်ပေါ်ရောက်တဲ့အချိန်ပြင်ပေးတဲ့အခါမှာ အရောင်မတူတာမျိုးတွေတော့ရှိတတ်တယ်။ သင်တန်းမှာနဲ့အပြင်မှာပြင်တာတူပေမဲ့ ကင်မရာထဲရောက်ထဲအခါ ကာလာကပြောင်းသွားတာမျိုးတွေလဲရှိတတ်တယ်။ ဘာလို့လဲဆိုတော့ ရှုတင်မှာပြင်ပြီးရင် ကင်မရာထဲကနေကြည့်တဲ့အခါ အပြင်က ကာလာနဲ့တူချင်မှတူတယ်။ အဲ့ဒါကြောင့် အရောင်ကိုပြန်ညှိပေးရတာမျိုးတွေလဲရှိတတ်တယ်။

 

-ဒဏ်ရာတစ်ခုကို ပြင်တဲ့အခါ အချိန်အားဖြင့်ရော ဘယ်လောက်ယူရလဲ။

ဒဏ်ရာအသေးလေးဆို နာရီဝက်လောက်ယူရတယ်။ တချို့အရမ်းကြီးတဲ့အခါမျိုးကျတော့ အနည်းဆုံး ၃ နာရီလောက်ပေးရတယ်။

-အခုလက်ရှိမှာ လေ့လာဖြစ်နေတဲ့အရာတွေကိုလဲသိချင်ပါတယ်။

Body Painting ပိုင်းကိုလေ့လာနေတယ်။ မျက်ခုံးမွှေးကိုတက်တူးထိုးတာလေ့လာဖြစ်တယ်။ အလှမိတ်ကပ်တွေလဲလေ့လာနေတယ်။ ကြည့်နေရင်းနဲ့တွေ့ရင်လဲ တစ်ခါတည်းလေ့လာဖြစ်တာမျိုးရှိတယ်။ ကိုယ်က Special Effect မိတ်ကပ်ကိုစလုပ်တာကလဲ ခုမှတစ်နှစ်နီးပါးလောက်ပဲရှိသေးတဲ့အခါကျတော့ တော်တော်များများ အဲ့ဒါပဲလိမ်းဖူးတယ်။ အလှမိတ်ကပ်တစ်ခါမှ မလိမ်းပေးဖူးဘူး။

-Special Effect Make Up ပိုင်းနဲ့ပတ်သက်ပြီးတော့ရော ဘာများထပ်ဖြည့်ပြောချင်သေးလဲ။

တချို့သူတွေက အဲ့ဒီမိတ်ကပ်အထူးပြုလုပ်ချက်နဲ့ပတ်သက်ပြီး ပြင်ပြီးလို့ပုံတင်တဲ့အခါ မကောင်းတာပြောခံရတာများတယ်။ ဘာလို့လုပ်ရတာလဲ။ ကျက်သရေမရှိဘူးပေါ့။ ဒါပေမဲ့ ဒါတွေကအနုပညာတစ်ခုပါပဲ။ တကယ်လဲရုပ်ရှင်ကားတွေမှာဒီပညာတွေက လိုအပ်တယ်လေ။ နိုင်ငံတကာမှာဆိုရင် Special Effect ဆိုတာကို လုံးဝနီးပါး မလုပ်တော့ဘူး။ မိုင်နာ Effect ဖြစ်သွားပြီ။ တကယ့်ရုပ်ရှင်တွေမှာသူတို့က စီလီကွန်ပဲသုံးတာ အခုဒီမှာလဲ စီလီကွန်မသုံးဘူးမဟုတ်ဘူး။ သုံးတယ်။ ဒါပေမဲ့အဓိကက ဘားချပ်အနေအထားကိုကြည့်ရသေးတယ်ဆိုတော့ စီလီကွန်ကို သိပ်မသုံးနိုင်ကြသေးဘူးပေါ့။ ပြီးတော့ဟိုမှာလဲ Special Effect နဲ့ပတ်သက်ပြီးပွဲတွေရှိတော့ အဲ့ဒီမှာသွားပြိုင်ချင်တယ်ပေါ့။ အဲ့ဒီလောက်ထိကိုသွားဖို့စိတ်ကူးတယ်။ အခုလက်ရှိမှာတော့ လေ့လာရင်းနဲ့သင်ယူနေတုန်းပေါ့။ ဒီမှာတော့ ဒီပညာကသုံးလို့ရတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာဆိုရင် ဒီ့ထက်ကောင်းတာတွေရှိတဲ့အတွက် ထပ်ပြီး Update လုပ်ချင်တာပေါ့။အဲ့ဒါကြောင့်လေ့လာရင်းနဲ့သင်ယူမယ်။ ပြီးရင်ဟိုကပြိုင်ပွဲတွေအထိသွားပြိုင်ဖို့ရည်ရွယ်ပါတယ်။ သင်တန်းတွေလဲထပ်တက်ချင်သေးတယ်။ ထပ်ကြိုးစားချင်ပါသေးတယ်။ 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.