အချစ်စစ်မှာ ဘောင်အကန့်အသတ်တွေ မရှိကြောင်း သက်သေပြခဲ့တဲ့ စုံတွဲ

14034969_1313657882008362_1517958280842667908_n.jpg

အချစ်စစ်နဲ့ ရင်ဆိုင်တွေ့ကြုံတဲ့အခါ အလှတရားက ကြည့်ရှုသူတွေရဲ့ မျက်ဝန်းမှာ အမြဲ ရှိပါတယ်။ Dong Wanyu နဲ့ Dong Zhijun လို့အမည်ရတဲ့ ဒီစုံတွဲက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာ ဘောင်ကန့်သတ်ချက်တွေ မရှိဘူးလို့ ဖော်ထုတ်ပြသခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် Dong Wanyu ဟာ လူကောင်ပု သေးညက်တဲ့ရောဂါနဲ့အတူ မွေးလာခဲ့ပြီး ငယ်ငယ်ကတည်းက အရိုးအက်ဝေဒနာ ခံစားခဲ့ရသူဖြစ်ပါတယ်။ ၈၀ စင်တီမီတာ အရပ်အမောင်းရှိတဲ့သူဟာ တစ်နေကုန် အိမ်တွင်းပုန်းနေထိုင်ပြီး ဟောင်းနွမ်းနေတဲ့ ကွန်ပျူတာတစ်လုံးကနေတဆင့် ကမ္ဘာ့အကြောင်းတွေကို လေ့လာသင်ယူခဲ့ပါတယ်။ Dongဟာ ဘယ်တော့မှ သူ့အိပ်မက်တွေကို အလျှော့မပေးခဲ့ပါဘူး။ ယခုအချိန်မှာ သူ ဝက်ဘ်ဆိုဒ် ၄ ခု စီမံလုပ်ကိုင်ပြီး သူ့အွန်လိုင်း web show ကြောင့် follower ၁၅၀,၀၀၀ နဲ့အတူ အွန်လိုင်းဆယ်လီ တစ်ယောက် ဖြစ်နေပါတယ်။

အွန်လိုင်းကနေ တွေ့ဆုံခဲ့တဲ့ သူ့ဇနီး Dong Zhijin ဟာ သူမ ၁ နှစ်သားအရွယ်သာ ရှိသေးတဲ့အချိန် အပြင်းအထန် မီးလောင်ဒဏ်ရာရရှိခဲ့သူ ဖြစ်ပါတယ်။ သူမ စိတ်ကူးထားသည့်အတိုင်း အိမ်ထောင်ပြုဖို့ Liaoning ခရိုင်ကနေ Guangdong ခရိုင်အထိ တရုတ်ပြည်တနှံတလျား ခရီးထွက်ခွာခဲ့ပါတယ်။

အခုချိန်မှာတော့ သူတို့တွေဟာ သူတို့ကိုယ်ပိုင် အွန်လိုင်းစီးပွားရေးလုပ်ငန်းကို နှစ်ယောက်အတူ ပူးပေါင်းလုပ်ကိုင်နေကြပါတယ်။ 

Ref: CCTVNews 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.