အခုလာမယ့်စနေနေ့ မန်ချက်စတာမြို့ မှာ ထိုးသတ်ကြမယ့် လက်ရှိ စူပါမစ်ဒယ်ဝိတ်ချန်ပီယံ Carl Froch နဲ့ Geroge Groves တို့ ရဲ့ ပွဲအကြိုစကားထိုးနှက်ချက်တွေကတော့ ပြင်းထန်လာပါပြီ။
မနေ့ ကလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ George က “အပြင်ဘ၀မှာတော့ ကျွန်တော်က အေးအေးဆေးဆေးနေတတ်တဲ့ကောင်တစ်ကောင်ပါ ။ဒါပေမယ့် ကြိုးဝိုင်းထဲဝင်လိုက်တာနဲ့  ကျွန်တော်ဟာကျွန်တော်မဟုတ်တော့ပါဘူး၊ ကျွန်တော့်ကိုကျွန်တော် သားရဲတစ်ကောင်အဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်၊ကျွန်တော့်လက်သီးချက်တွေအောက်မှာ
Carl ပြိုလဲရပါလိမ့်မယ် “စိန်ခေါ်သူ George ရဲ့ စကားတွေကို Carl က “ ကျွန်တော့် ကြံ့ခိုင်မှုက အကောင်းဆုံးအနေအထားရောက်ရှိနေပါတယ်၊အတွေ့ အကြုံပိုင်းအနေနဲ့ လည်း
အဲ့ငနဲ (George) ထက် အများကြီးသာပါတယ်၊ ကျွန်တော့်ကို သူစိန်ခေါ်ခဲ့တဲ့အတွက် အံ့အားသင့်မိတာပေါ့၊ George မှာ လက်ဝှေ့ သမားကောင်းတစ်ယောက်ရဲ့ အရည်အချင်းမျိုးမရှိပါဘူး၊သူပွဲကိုတော့ အရောက်
လာပါလိမ့်မယ်၊ပြီးရင်တော့ ကျွန်တော့်လက်က သူထွက်ပြေးရမှာပေါ့ " လို့  ပြန်လည်လှောင်ပြောင်လိုက်ပါတယ်။ George Groves က ပရော်ဖက်ရှင်နယ်လက်ဝှေ့ သမားဘ၀မှာ ပွဲစဉ် (၁၉)ပွဲ ထိုးသတ်ထားပြီး တစ်ပွဲမှမရှံးနိမ့်သေးပါဘူး။ မြွေဟောက်လို့ နာမည်ပြောင်ပေးထားတဲ့ Carl Froch ဟာ လက်ရှိ IBF နဲ့ WBA စူပါမစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ပြီး ပွဲစဉ် (၃၃) ပွဲ ထိုးသတ်ထားရာမှာ ၃၁ ပွဲ အနိုင်ရရှိထားပါတယ်။
လာမယ့်စနေနေ့ မန်ချက်စတာမြို့ မှာထိုးသတ်ကြမယ့်သူတို့ နှစ်ဦးရဲ့ ပွဲမှာ Carl သာ ရှုံးနိမ့်ခဲ့ရင်သူ့ ရဲ့ ချန်ပီယံဆု နှစ်ခုလုံးကို George ဆီလွှဲပေးရမှာ ဖြစ်တဲ့အတွက်နာမည်ကြီး ဘောက်ဆင်သမားနှစ်ဦးရဲ့ ပြိုင်ပွဲဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲတစ်ခု ဖြစ်လာမှာပါ။
Ref:www.bbc.co.uk