အချစ်စစ်ဟာ ၄ ကြိမ်မြောက်အကြည့်မှာ ဖြစ်ပေါ်ဟု လေ့လာမှုအရ သိရ

2983836c15bf92cf_42-43851411.xxxlarge_2x.jpg

ချစ်သူတွေ ဖူးစာဆုံလား မသိရခင် အနည်းဆုံး ၄ ခါလောက် အချိန်းအချက် ပြုလုပ်ပြီး တွေ့ဆုံဖို့ လိုအပ်တယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

အမေရိကန်နိုင်ငံ Hamilton College မှ သုတေသီတွေဟာ လူငယ် အမျိုးသားနဲ့ အမျိုးသမီး အဖွဲ့တစ်ဖွဲ့ကို လူတွေရဲ့ မျက်နှာရုပ်ပုံကို ပြသခဲ့ပါတယ်။ သူတို့ရဲ့ ဦးနှောက်ကို ကွန်ပျူတာမော်နီတာနဲ့ ချိတ်ဆက်ပြီး ဓာတ်ပုံထဲက လူတွေရဲ့ ရုပ်ရည်ဆွဲဆောင်မှုကို အဆင့်သတ်မှတ်ခဲ့ပါတယ်။ အဲဒီအခါ ပါဝင်အစမ်းသပ်ခံသူတွေကို ခုနပြထားတဲ့ ဓာတ်ပုံကို ထပ်ပြီး ဒုတိယအကြိမ် ပြသလိုက်ပြန်ကာ မျက်နှာဆွဲဆောင်မှု အဆင့်သတ်မှတ်ကြပြန်ပါတယ်။

တတိယအကြိမ်မြောက်ကြည့်တဲ့အချိန်မှာ ဆွဲဆောင်မှု ပိုမြင့်တက်လာခဲ့ပြီး ၄ ကြိမ်မြောက်မှာတော့ ဆွဲဆောင်မှု အပြင်းထန်ဆုံးအဆင့်ရောက်တယ်လို့ သိရပါတယ်။ ကွန်ပျူတာမော်နီတာကနေ ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ ဦးနှောက်ရဲ့ ပျော်ရွှင်ကြည်နူးမှုစတဲ့ တခြားလုပ်ဆောင်ချက်တွေကို ဖော်ပြပေးပါသေးတယ်။

Ref: Indiatimes

177 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.