လိမ်ညာတတ်သူတွေဟာ ဒီအကျင့်ကို ပြုပြင်ဖို့ဆိုတာထက် ထပ်မံလိမ်ညာဖွယ်ရာသာရှိ

career_0.jpg

သင့်ကို လိမ်ညာဖူးတဲ့သူကို နောက်တစ်ခါ မလိမ်ညာတော့ဖို့ ကတိတောင်းဖူးပါသလား။ သူသင့်ကို နောက်တစ်ကြိမ် လိမ်ညာပြောဆိုမှာ မဟုတ်တော့ဘူးလို့လည်း ယုံကြည်နေသေးပါသလား။ ဒီလို ဆိုရင်တော့ သင့်အတွက် သတင်းဆိုး တစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ လိမ်ညာတတ်တဲ့သူတွေရဲ့ အကျင့်ဟာ ပျောက်သွားဖို့ အလားအလာ မရှိသလောက်ပါပဲတဲ့။

ဘာရယ်မဟုတ် လိမ်တတ်တာလေးကနေ နောက်ပိုင်းအကျင့်ပါသွားတာမျိုးပေါ့။ အချစ်ရေးမှာလည်း ထို့အတူပါပဲ။ လိမ်တတ်တဲ့သူတွေဟာ ဆက်ကို လိမ်နေဦးမှာပါ။ ဒါ့ကြောင့် Denver တက္ကသိုလ်က ကျောင်းသားတစ်ယောက်က သူ့လေ့လာချက်ကို ခုလိုဆိုသွားပါတယ်။ "လူတစ်ယောက်ဟာ တစ်ခါလိမ်ပြီးရင် နောက်တစ်ခါလည်း ထပ်လိမ်လိမ်မယ့် အလားအလာရှိပါတယ်။ ဒါဟာ ဘယ်အခြေအနေတိုင်းမှာ မဆိုပါပဲ"တဲ့။

Kayla Knopp က အသက် (၁၈ – ၃၄) ရှိ အိမ်ထောင်မရှိသူ အယောက် ၄၈၄ ရဲ့ ချစ်သူတွေအပေါ် ပြောဆိုဆက်ဆံမှုတွေကို ကြည့်ရှုလေ့လာတဲ့အခါမှာ လိမ်ပြောတတ်တဲ့ သူတွေဟာ နောက်တခါ ထပ်လိမ်ဖို့ ၃.၅ ကြိမ်လုပ်နိုင်ချေရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အလိမ် ခံရသူတွေလည်း ဒုတိယအကြိမ်ထပ် အလိမ်ခံရဖို့ ပိုများတယ်လို့လည်း သဘောပေါက် သိရှိခဲ့ပါတယ်။

ဒါ့အပြင် အတိတ်မှာ ထပ်ခါတလဲလဲ လုပ်တတ်တဲ့ အပြုအမူတွေက ယုံကြည်မှု ကင်းမဲ့အောင် တွန်းအားပေးတတ်ပါတယ်။ အပြုအမူပိုင်းအရရော (သို့) စိတ်ပိုင်းအရပါ ကြမ်းကြုတ်တဲ့ သူတွေ၊ အော်ဟစ်တတ်တဲ့အကျင့်၊ ကြမ်းကြမ်းတမ်းတမ်း တွန်းကန်ပြုမူတတ်တဲ့ အကျင့် ရှိတဲ့သူတွေဟာ နောက်တွဲမယ့် သူတို့ လက်တွဲဖော်တွေအပေါ်လည်း သုံးကြိမ်အထိ အဲဒီအကျင့်ကို လုပ်မိတတ်ကြတယ်လို့ အမေရိကန် စိတ်ပိုင်းဆိုင်ရာ လေ့လာတဲ့အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Source: cosmopolitan

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.