ဆံပင်ပါးတဲ့ ပျိုမေတွေ ဆံပင်ပျက်စီးခြင်းမရှိပဲ ကောက်သားရအောင် ဘယ်လိုလုပ်ကြည့်ရမလဲ

450-95243442-woman-curling-a-hair.jpg

ဆံပင်ပါးတဲ့သူတွေအတွက် အချိန်တိုင်း ကောက်လိုက်၊ ဖြောင့်လိုက် လုပ်နေမယ်ဆိုရင် ဆံပင်သားကို ထိခိုက်ပျက်စီးခြင်းအပြင် အစကတည်းက ပါးတဲ့ဆံပင်ဟာ ပိုလို့တောင် ပါးသွားနိုင်ပါတယ်နော်။ ဒီတော့ ဆံပင်ကို ပျက်စီးခြင်းလည်း မရှိ၊ ကိုယ်လိုချင်တဲ့ ဆံပင်ကောက်သားလေးလည်း ရအောင် ဘယ်လိုဖန်တီးရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို လုံးဝခြောက်တဲ့အထိ ထားလိုက်ပါ။

အပူချောင်းနဲ့ ဆံပင်ကောက်သားရအောင် ဖန်တီးကြတဲ့အခါ ပျိုမေတွေ အများဆုံးလုပ်တတ်ကြတဲ့ အမှားက မခြောက်သေးတဲ့ ဆံသားတွေကို အပူချောင်းနဲ့ တိုက်ရိုက်ထိတွေ့ပေးခြင်းပါ။ ဒီလိုလုပ်ခြင်းဟာ ဆံပင်သားတွေကို ပျက်စီးစေတဲ့ အရေးအကြီးဆုံး အချက်ပါ။ ဒီတော့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို လုံးဝခြောက်အောင် dryer နဲ့ သေချာမှုတ်ဖို့ပါပဲ။

၂။ ဆံပင်အပူခံ ထုတ်ကုန်တွေကို ၀ယ်ဖြစ်အောင် ၀ယ်ထားပါ။

ဆံပင်သားအတွက် ဘယ်လိုထုတ်ကုန်တွေက ကောင်းမလဲဆိုပြီး သေချာသုံးပေးလေလေ သင့်ဆံပင်အတွက် ပိုကောင်းမွန်လေလေ ဆိုတာ အထူးပြောနေစရာ မလိုတော့ပါဘူး။ ဒီတော့ ခေါင်းအခြောက်မမှုတ်ခင် ဆံပင်အပူခံမယ့် စပရေးဖျန်းတာ၊ serum လိမ်းထားမယ်ဆို ပိုကောင်းပါတယ်။ အပူချောင်းနဲ့ ဆံပင်ကောက်သားအတွက် မပြုလုပ်ခင်မှာလည်း အပူခံဆေးဖျန်းထားဖို့ လိုပါတယ်နော်။

၃။ အပူချိန်ကို နည်းနိုင်သမျှနည်းပါစေ။

အပူချောင်းသုံးတဲ့အခါ ဆံပင်မနာစေဖို့ အပူချိန်ကို နည်းနည်းနဲ့ ဖြေးဖြေးချင်းလုပ်ပေးသွားတာ အကောင်းဆုံးပါ။

၎။ ၇စက္ကန့်ထက်ပိုမကြာပါစေနဲ့။

ကိုယ်ကဘယ်လောက်ပဲ ဆံပင်အပူခံစပရေးတွေ ဖျန်းထားတယ်ဆိုဆို သင့်ဆံပင်ပေါ် အပူချောင်းလာထိနေတာဆိုတော့ အချိန်ကြာလေ ဆံပင်က ပျက်စီးလေ ဖြစ်မှာပါ။ ဒီတော့ ဆံပင်ပေါ်မှာ အပူချောင်းက ၇စက္ကန့်လောက်သာ ထားသင့်ပါတယ်။

၅။ ကိုယ့်ဘာသာကိုယ် ကောက်သားမပြယ်အောင် လုပ်ပါ။

ဆံပင်ကောက်သား ပြယ်မသွားအောင် ကောက်ပြီးသွားတဲ့ ဆံပင်တွေကို ညှပ်ကလစ်လေးနဲ့ ခွေပြီးညှပ်ထားလိုက်ပါ။ ပြီးသွားတဲ့အခါ ခွေပြီးညှပ်ထားတဲ့ ဆံပင်အစုလေးတွေကို စပရေးနဲ့ ဖျန်းတာမျိုး လုပ်ပေးနိုင်ပါတယ်။ ဆံပင်အားလုံးပြီးသွားသည့်တိုင်အောင် အကောက်မပြယ်အောင်  လုပ်ထားတဲ့ သဘောပါပဲ။

၆။ အရင် ဆံပင်ကောက်နည်းတွေကလည်း အသုံးဝင်ပါသေးတယ်။

အရင်က သုံးတဲ့ ဆူးလိပ်တွေဘာတွေ ရှိရင် အဲ့ဒီနည်းတွေသုံးပြီးတော့ ဆံပင်ကောက်သားရအောင် လုပ်တာကလည်း သင့်ဆံပင်သားတွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ ဆူးလိပ်အလုံးလေးတွေနဲ့ ဆံပင်တွေကို လိပ်ပြီး တစ်ညလောက်ထားလိုက်ပါ။ မနက်ရောက်လို့ ဆံပင်တွေ ဖြည်ချလိုက်တဲ့အခါ သဘာဝအတိုင်း လှနေတဲ့ ကောက်သားဆံပင်လေးတွေကို ရရှိပါလိမ့်မယ်။

၇။ ကျစ်ဆံမြီးကျစ်ပြီး တစ်ညထားတဲ့ နည်းကလည်း ကောင်းပါတယ်။

သင့်ဆံပင်တွေ အပူဒဏ်ကနေ ကင်းလွတ်အောင် နောက်ထပ်လုပ်ဆောင်သင့်တဲ့ နည်းကတော့ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး တစ်ညအိပ်ထားလိုက်တာပါ။ ကျစ်ဆံမြီးတွေ ခပ်များများရအောင် ဆံပင်ကို ခွဲကျစ်ပြီး နောက်တစ်နေ့ဖြည်ချလိုက်တဲ့အခါ လှပတဲ့ ဆံနွယ်လးတွေ မြင်ရပါလိမ့်မယ်။

Ref:bustle

200 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.