အိုမင်းရင့်ရော်မှု ပိုမိုလျင်မြန်စေတဲ့ အစားအစာများ

x22-1471857691-pic1.jpg.pagespeed.ic_.a16cpijlu-.jpg

အသားအရေထိန်းသိမ်းမှု အထိုက်အသင့်လိုက်နာဆောင်ရွက်နေသည့်တိုင် အရေပြားပေါ် တွန့်တွမှုနဲ့ အရေးအကြောင်းတွေ သတိထားနေမိတုန်းပါပဲလား။ အချိန်မတန်သေးဘဲ ဆဲလ်တွေ အရွယ်ကျစေ၊ တစ်ရှူးပျက်စီးမှုဖြစ်ပွားစေနိုင်တဲ့ ကျွုန်ုပ်တို့ နေ့စဉ် အစားအစာများစွာ ရှိပါတယ်။ တစ်ရှူးပျက်စီးမှု ပါးရေတွန့်ခြင်း၊ အရေးအကြောင်းနဲ့ အဆစ်အမြစ်နာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်မှုစသဖြင့် အစောပိုင်း အိုမင်းရင့်ရော်မှုလက္ခဏာတွေစတဲ့ အခြေအနေတွေ ဖြစ်ပွားစေပါတယ်။

ဒါ့ကြောင့် အရွယ်ကျမြန်စေတဲ့ စားနေကျအစားအစာတချို့ကို သိထားပြီး လုံးဝ ရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။ ငယ်ရွယ်နုပျို သွက်လက်ချက်ချာမှုဟာ ကျွန်ုပ်တို့အားလုံး တောင်တတဲ့အရာမို့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေတဲ့ လက္ခဏာတွေ သိရှိရတာ စိတ်ပျက်ဖွယ် ဖြစ်နိုင်ပါတယ်။ ရုပ်ရည်ကျဆင်းမှု ပိုမိုလျင်မြန်စေတဲ့ အစားအစာတွေဟာ စောလျင်စွာ အိုမင်းရင့်ရော်မှုအကြောင်းအရင်း တရားခံဖြစ်နိုင်ပါတယ်။

ဒါကြောင့် အိုမင်းရင့်ရော်မှု နှေးကွေးစေတဲ့ နေ့စဉ်ပုံမှန်အစားအစာတစ်ခုကို လိုက်နာကျင့်သုံးစားသောက်ဖို့ သိပ်အရေးကြီးပါတယ်။

၁။ မုန့်ဖုတ်စားသုံးကုန်ပစ္စည်းများ

ပေါင်မုန့်၊ ကိတ်မုန့်နဲ့ တခြားမုန့်ဖုတ်စားသုံးကုန်တွေမှာ ဆဲလ်တွေ ထိခိုက်ပျက်စီးစေပြီး သွားတွေလည်း ပျက်စီးမြန်စေနိုင်တဲ့ ကစီဓာတ်၊ အဆီနဲ့ သကြားဓာတ်ပါဝင်မှု မြင့်မားပါတယ်။

၂။ အာလူး

ရုပ်ရည်ကျမြန်စေတဲ့ အစားအစာထဲမှာ အာလူးလည်း ပါဝင်ပါတယ်။ အာလူးမှာ ကစီဓာတ်မြင့်မားစွာ ပါဝင်ပြီး ခန္ဓာကိုယ်အတွင်း အစာခြေဖျက်မှုပြုလုပ်နေစဉ် သတ္တုဓာတ်များစွာ သုံးပစ်ကာ အရေပြားတွန့်ရှုံ့ခြင်းနဲ့ အရေးအကြောင်းတွေ ဖြစ်ပွားစေပါတယ်။

၃။ အားဖြည့်အချိုရည်

အားဖြည့်အချိုရည်တွေကို ပုံမှန်သောက်သုံးတာက စောစီးစွာအရွယ်ကျ အိုမင်းရင့်ရော်ခြင်း အကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ အားဖြည့်အချိုရည်တွေမှာ အရေပြားတင်းရင်းမှု လျှော့နည်းစေနိုင်တဲ့ သကြားဓာတ်နဲ့ ကဖိန်းဓာတ်ပါဝင်မှု များနေခြင်းကြောင့် ဖြစ်ပါတယ်။

၎။ အရက်သေစာ

အယ်လ်ကိုဟောက ဆဲလ်တွေ ရေဓာတ်ခန်းခြောက်စေပြီး ခန္ဓာကိုယ်ရှိ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လျှော့နည်းစေတာကြောင့် အရက်ပုံမှန်သောက်သုံးခြင်းက အရွယ်ကျမြန်စေနိုင်ပါတယ်။

၅။ တာရှည်အောင်လုပ်ထား အသား

တာရှည်ခံအောင်လုပ်တဲ့ အသားတွေထဲက များပြားလှတဲ့ ဆားပါဝင်မှုဟာ ရေဓာတ်ထိန်းချုပ်မှုနဲ့ အရေပြားဖူးယောင်မှုဖြစ်စေနိုင်ပြီး အရေပြားမှာ အရေးအကြောင်းနဲ့ ရှုံ့တွမှုတွေ ဖြစ်စေပါတယ်။

၆။ ကြော်လှော်ထားတဲ့ အစားအစာများ

အာလူးချောင်းကြော်၊ စမူဆာစတာတွေမှာ အဆီပါဝင်မှု အရမ်းများပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကနေ အဆီတွေ ပေါင်းစပ်ဖို့ အလုပ်တွေ ပိုလုပ်ရပြီး ဆဲလ်တွေ အလျင်အမြန် ကျဆင်းစေပါတယ်။

၇။ ပီဇာ

ပီဇာမှာလည်း အဆီနဲ့ ဆီပါဝင်မှု မြင့်မားသောကြောင့် ခန္ဓာကိုယ် ဖူးယောင်စေကာ အချိန်မတန်သေးဘဲ ဆဲလ်တွေအိုမင်းရင့်ရော်စေပါတယ်။ 

Ref: boldsky 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.