မိမိမိုဘိုင်းလ်ဖုန်းတွေ ပိတ်ထားပြီး မျက်နှာချင်းဆိုင် စကားပြောဆိုမှုကျင့်သုံးရန် အားပေးလှုံ့ဆော်တဲ့ အထူးအစီအစဉ်တစ်ရပ် တရုတ်နိုင်ငံမှာ ပြုလုပ်

14117685_1311426342231516_7121098715230322538_n.jpg

ဆဲလ်ဖုန်းတွေက လူတွေရဲ့ဘဝမှာ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီး ဖုန်းမရှိရင်ဆိုတဲ့ အတွေးကို လူအများစု စိတ်ကူးကြည့်လို့တောင် မရနိုင်တော့ပါဘူး။ မျက်နှာချင်းဆိုင် အပြန်အလှန်တုံ့ပြန်ပြောဆိုမှုကို တောင်းဆိုခြင်းနဲ့ ဆက်သွယ်ရေးနည်းပညာ ကမ္ဘာနဲ့ အဆက်ဖြတ်ဖို့ အားပေးလှုံ့ဆော်ရင်း တရုတ်နိုင်ငံအရှေ့ပိုင်း Anhui ခရိုင် Hefei မြို့မှာ လူတွေကို မိမိဖုန်းလက်ကိုင်ဖုန်းတွေ ပိတ်ထားဖို့ မေတ္တာရပ်ခံတဲ့ အထူးအစီအစဉ်တစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ လူ ၅,၀၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

လက်ကိုင်ဖုန်းကို အချိန်ကြာမြင့်စွာ စွဲစွဲမြဲမြဲသုံးစွဲမှုက အမြင်အာရုံဆုံးရှုံးခြင်း၊ ဇက်ကြောကိုက်ခြင်းစတဲ့ ဆိုးကျိုးတွေရှိနေပါလျက် ဆဲလ်ဖုန်းဟာ မကြာသေးမီနှစ်များအတွင်း နေရာတကာပျံ့နှံ့လာခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အင်တာနက်သုံးစွဲသူပေါင်း လူဦးရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၇၁၀ သန်းကျော်ရှိကြောင်း ၂၀၁၆ ဇွန်လထိပြုစုခဲ့တဲ့ ဒေတာအချက်အလက်များအရ သိရပါတယ်။ အဲဒီအနက် သန်း ၆၀၀ ကျော်က အွန်လိုင်းကို မိုဘိုင်းလ်ဖုန်းနဲ့ သုံးစွဲနေကြတယ်လို့ သိရပါတယ်။ 

Ref: CCTVNews 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.