ဓာတ်မတည့်မှု ချက်ချင်းသက်သာစေတဲ့ အစားအစာ (၄) ခု

f51-678x381.jpg

ဓာတ်မတည့်ခြင်းက ဖုန် သို့မဟုတ် ဝတ်မှုန်ကြောင့် ဖြစ်နိုင်သလို လတ်လတ်ဆတ်ဆတ် သုတ်ထားတဲ့ နံရံဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဒီအရာတွေပေါင်းဆုံမိကြလို့လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်မတည့်မှုဖြစ်တာတွေကို အလွယ်တကူ ကုသနိုင်ပါတယ်။ ဓာတ်မတည့်မှု ချက်ချင်းပျောက်ကင်းသက်သာစေဖို့အတွက် အောက်ပါအစားအစာတို့ကို အမြဲ ဆောင်ထားသင့်ပါတယ်။

ဒိန်ချဉ်

ဓာတ်မတည့်မှုဖြစ်တတ်ပါက ဒိန်ချဉ်ကို နေ့စဉ်ပုံမှန်စားပေးပါ။

သံပုယိုသီး

သံပုယိုသီးက ရေနဲ့ရောလိုက်တဲ့အခါ အယ်လ်ကာလိုင်းပိုထုတ်လုပ်ပေးတာမို့ ခန္ဓာကိုယ်အက်စစ်ပမာဏ မျှတအောင် လုပ်ဆောင်ရာမှာ အထူးကောင်းမွန်ပါတယ်။ သံပုယိုသီးက ဗီတာမင် C နဲ့ တခြား antioxidant တွေ များစွာပါဝင်တာကြောင့် ကိုယ်ခံအားပိုမိုမြင့်တက်စေနိုင်ပါတယ်။ ရေခရားတစ်ခုထဲ သံပုယိုသီး တစ်စိတ်လောက်ညှစ်ထည့်ပြီး သောက်ပေးရုံလေးပါပဲ။

သဘာဝပျားရည်စစ်စစ်

အထူးသဖြင့် ဝတ်မှုန်ကြောင့် ဓာတ်မတည့်မှု ခံစားပါက ပျားရည်က သင့်တော်ကောင်းမွန်ပါတယ်။

လက်ဖက်ရည်ကြမ်း (Green Tea)

Green tea က ကိုယ်ခံအား မြင့်တက်စေပြီး ဓာတ်မတည့်မှုဖြစ်ခြင်းတွေ ဟန့်တားပေးပါတယ်။ Green tea မှာ ပါဝင်တဲ့ဓာတ်ပေါင်း methylated epigallocatechin (EGEC) ဟာ ဓာတ်မတည့်မှုတုံ့ပြန်ဖြစ်ပေါ်စေရာမှာ ပါဝင်တဲ့ cell receptor တွေ ဟန့်တားနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ 

Ref: 1mhealthtips 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.