ပျော်ပျော်နေတတ်တဲ့လူတွေဟာ ဘယ်တော့မှ ဒီလိုအမှားမျိုးတွေ မလုပ်တတ်ကြတာ

emoji_2.jpg
လူတိုင်းကတော့ ပျော်ရွင်မှုဆိုတာကို ခံစားချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ဒီခံစားမှုအတွက် ဘာတွေစွန့်လွှတ်သင့်တယ်၊ ဘယ်လိုအရာတွေကို လျစ်လျူရှုသင့်တယ်ဆိုတာမျိုးတော့ မသိကြတာ များပါတယ်။ ဒါ့အပြင် လူတော်တော်များများဟာ ကိုယ်လုပ်ခဲ့တဲ့ အရာတွေအတွက် နောင်တတွေနဲ့ နေထိုင်နေတာမျိုးတွေလည်း ရှိပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သင်ဟာ သင့်အတွက် တကယ်အရေးကြီးတဲ့ အရာတွေကိုသာ အာရုံစိုက်ခြင်းဖြင့် ပျော်ရွှင်မှုကို ရရှိနိုင်တယ်လို့ ဆိုထားကြပါတယ်။ ဒီတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေဟာ ဘယ်လိုအရာတွေ လုပ်ဆောင်တတ်ကြပြီး ဘယ်လိုအမှားမျိုးတွေ ရှောင်ကြဉ်တတ်ကြသလဲ ကြည့်ရအောင်။
 
၁။ အခြားသူတွေ ကိုယ့်ကို ဘယ်လိုတွေးနေမလဲဆိုတာ သူတို့တွေ ဘယ်တော့မှ ထည့်စဉ်းစားနေတာမျိုးမရှိပါဘူး။ 
ကိုယ့်ကို တခြားသူတွေ ဘယ်လိုထင်မလဲဆိုတာကို ပူပန်နေမယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ် စိတ်ကျေနပ်မှုဆိုတာ ဘယ်တော့မှ ခံစားရမှာ မဟုတ်တော့ပါဘူး။ ကိုယ့်ရပ်တည်ချက်တစ်ခုအတွက် သူတစ်ပါး အတည်ပြုပေးတာကို လိုအပ်နေခြင်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘူးဆိုတာ ပြသနေတာပါပဲ။ ဒီလိုဖြစ်နေတဲ့လူတွေက ဘယ်တော့မှ ပျော်ရွှင်မှုအစစ်အမှန်ကို ခံစားရမှာ မဟုတ်ပါဘူး။
 
၂။ အတိတ်မှာ ဘယ်တော့မှ ကျန်ရစ်မနေခဲ့ဘူး။
အတိတ်စာမျက်နှာကိုပဲ အမြဲတွက်ဖက်နေတတ်သူတွေကတော့ ပျော်ရွှင်မှုဆိုတာကို ဘယ်တော့မှ ခံစားရမှာမဟုတ်ပါဘူး။ အတိတ်ဆိုတာ ကိုယ့်အနေနဲ့ ဘာမှ ပြောင်းလဲလို့မရတော့တဲ့ အရာပါ။ ဒါကို လက်ခံပြီးလက်ရှိအတွက် အကောင်းဆုံး ကြိုးစားရပ်တည်ဖို့သာ လိုပါတယ်။
 
၃။ အခြားလူတွေရဲ့ မကောင်းတဲ့အရာတွေကို ပိုအာရုံစိုက်မိနေတာမျိုး မရှိကြပါဘူး။
ဘယ်သူကမှတော့ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။ ဒီတော့ ကိုယ့်အနေနဲ့ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ ကောင်းကွက်တွေ မမြင်ပဲ ဆိုးကွက်တွေသာ ရွေးမြင်နေမယ်ဆိုရင်တော့ ဒီလူဟာ ဘယ်တော့မှ ပျော်ရွှင်ရမယ့်လူ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ဘေးနားက လူတွေရဲ့ အကောင်းရော၊ အဆိုးကိုပါ လက်ခံနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။
 
၎။သူတစ်ပါးကိစ္စထဲ ၀င်မပါတတ်ကြပါဘူး။
ကိုယ့်ကိစ္စကိုယ် အာရုံမစိုက်ပဲ တစ်ပါးသူရဲ့ ကိစ္စ၊ ပြသနာတွေမှာ အမြဲဝင်ပါနေတတ်သူတွေအတွက် ပျော်ရွှင်မှုဆိုတာ ရှိမှာမဟုတ်ပါဘူး။ 
 
၅။ ကိုယ့်ကိုကိုယ် သူတစ်ပါးနဲ့ နှိုင်းယှဉ်နေတာမျိုးလည်း မလုပ်တတ်ကြပါဘူး။
ဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းနေကြသူတွေဟာ ငါ့ဘ၀က သူ့ဘ၀နဲ့မတူပဲ ခြားနားနေလိုက်တာ၊ သူ့လို ဆံပင်မျိုး၊ သူ့လို ပိုက်ဆံအိတ်မျို၊ သူ့လိုကားမျိုး စသဖြင့် ကိုယ့်ကိုကိုယ် သူတစ်ပါးနဲ့ နှိုင်းယှဉ်တာမျိုးတွေ ဘယ်တော့မှ မလုပ်တတ်ကြပါဘူး။
 
၆။ နာကျင်မှုတွေကို အကြာကြီး ခံစားမနေတတ်ကြပါဘူး။
သူတစ်ပါးကြောင့် နာကျင်ရတာမျိုးတွေကို အားယူပြီး နောက်တစ်ခါ ငါဘယ်လိုနေထိုင်ပြုမူလိုက်တယ်ဆိုတာ သင်ခန်းစာ ယူတတ်တာ ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီနာကျင်မှုတစ်ခုအတွက် တစ်စိမ့်စိမ့် တမြေ့မြေ့ ခံစားနေတာမျိုးကတော့ သင့်အတွက် မကောင်းပါဘူး။
 
၇။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ မညာတတ်ကြဘူး။
ဒီအချက်ကတော့ အရေးကြီးပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် လိမ်ညာနေမယ်ဆိုရင် သူ့ဘ၀အတွက် ခံစားချက်အစစ်အမှန်၊ ပျော်ရွှင်မှု စတာတွေကို ဘယ်တော့မှ ခံစားရမှာ မဟုတ်တော့ပါဘူး။ ကိုယ်ဘာတွေခံစားနေရသလဲ သိအောင်လုပ်ရပါမယ်။ ဘာ့ကြောင့် ဒါမျိုး ခံစားနေရသလဲဆိုတာကိုလည်း သိအောင်လုပ်ရပါမယ်။ မပျော်ပဲနဲ့ ပျော်တယ်လို့ မညာပါနဲ့။ ကိုယ့်ကိုကိုယ် နှစ်သိမ့်ပြီးတော့လည်း မနေထိုင်ပါနဲ့။ ကိုယ့်ကိုကိုယ် လိမ်ညာခြင်းရဲ့ အဆုံးမှာ နောင်တတွေသာ ပိုင်ဆိုင်ရပါလိမ့်မယ်။
 
Ref:yourtango
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.