ကလေးအဖေ ၁၄ ယောက်နဲ့ ၁၄ ယောက်မြောက်ကလေးကို မွေးခဲ့တဲ့အမျိုးသမီး ဂင်းနစ်မှတ်တမ်းဝင်

birth.jpg
အသက် ၃၆ နှစ်အရွယ် Anita Sullivan ဟာ သူ့ရဲ့ ၁၄ ယောက်မြောက်ကလေးကို မွေးဖွားပြီးနောက်မှာ ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မီချီကန်ပြည်နယ် ဒိထရိတ်မြို့တော်က ယင်းအမျိုးသမီးက ယောက်ျား ၁၃ ယောက်နဲ့ ကိုယ်ဝန်ရခဲ့တဲ့ အမျိုးသမီးရဲ့ စံချိန်ကိုချိုးပြီး ကမ္ဘာ့ပထမဆုံး ယောက်ျား ၁၄ ယောက်နဲ့ ကလေး ၁၄ ယောက်ရခဲ့တဲ့ အမျိုးသမီးအဖြစ်သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
[[{“fid”:”17635″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 
Anita က “ကမ္ဘာ့စံချိန်တစ်ခုကို ချိုးနိုင်ခဲ့တဲ့အတွက် ကျွန်မအရမ်းဂုဏ်ယူပါတယ်။ ကျွန်မအမေက ကျွန်မဟာ ပျင်းပြီး ဘာမှအသုံးမကျတဲ့သူ၊ ဘဝမှာဘာကိုမှ အောင်မြင်အောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ အမြဲပြောတယ်။အခုတော့ ကျွန်မက ကမ္ဘာ့မှတ်တမ်းထဲမှာတောင် ပါနိုင်တဲ့သူတစ်ယောက်ဖြစ်သွားတဲ့အတွက် အမေမှားတယ်လို့ သက်သေပြနိုင်ပါပြီ။ အခုကျွန်မက ဘယ်သူမှ မလုပ်နိုင်သေးတဲ့အလုပ်တစ်ခုကို အောင်မြင်အောင်လုပ်နိုင်ခဲ့ပါပြီ” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
 
ဆက်ပြီး Anita က “ကျွန်မအရင်က အချစ်ရေးတွေမှာ ကံအရမ်းဆိုးခဲ့ပေမဲ့ ဒီကလေးရဲ့ အဖေကတော့ ကျွန်မရှာနေခဲ့တဲ့လူတစ်ယောက်လို့ ခံစားရပါတယ်။ ကျွန်မက ကလေးအဖေရွေးတဲ့နေရာမှာ ညံ့ခဲ့ပေမဲ့ ကလေးမွေးတဲ့နေရာမှာတော့ တော်ပါတယ်။ အခုတစ်ခေါက်မှာတော့ အတိတ်ကအမှားတွေကို သင်ခန်းစာယူပြီး ပြင်ဖို့ကြိုးစားသွားမှာပါ။ Ramón က ကျွန်မအရင်က ပတ်သက်ခဲ့တဲ့သူတွေနဲ့ မတူပါဘူး။ကျွန်မတို့အတူနေခဲ့တာ ၁ နှစ်ခွဲနီးပါးရှိပြီး ကျွန်မတို့နှစ်ယောက် အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါသေးတယ်။
 
ထူးခြားတဲ့အချက်က ဂင်းနစ်မှတ်တမ်းကိုယ်စားလှယ်တွေက Anita အနေနဲ့ နောက်ထပ်ဂင်းနစ်မှတ်တမ်းတစ်ခုကို ချိုးနိုင်ဦးမလားဆိုတာကို ဒုတိယမြောက်စုံစမ်းမှုပြုလုပ်နေပါတယ်။ ဒါကတော့ လူတစ်ယောက်တည်းကနေ ကလေးထောက်ပံ့စရိတ် အများဆုံးရရှိတဲ့သူတစ်ဦးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်မဝင်ပဲ ဖြစ်ပါတယ်။
 
Anita က လက်ရှိမှာ ယောက်ျား ၁၁ ယောက်ဆီက ကလေး ၁၁ ယောက်စရိတ် ထောက်ပံ့ကြေးရထားပြီး အခြား၂ ယောက်ကတော့ ကလေးစောင့်ရှောက်ခွင့်ကိစ္စ ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။
 
Ref:caravanalive
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.