သူနေရာနဲ့သူ အသုံးတည့်တဲ့ ဖိနပ်တွေ စတိုင်လ်အမျိုးမျိုးပုံဖော်ဖန်တီးထားတဲ့ အကြောင်းအရင်း ရှိပါတယ်။ သူ့နေရာနဲ့သူ အသုံးပြုပါက စတိုင်လ်ကျနေပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဒီအမှားတွေတစ်စုံတစ်ခုပြုလုပ်မိပါ ကြိုးစားဆောင်ရွက်ခဲ့သမျှ အချည်းနှီး ဖြစ်သွားပါလိမ့်မယ်။
ညှပ်ဖိနပ်နဲ့ ဂျင်းဘောင်းဘီ
ညှပ်ဖိနပ်က ကမ်းခြေ၊ ရေကူးကန်၊ ပန်းခြံတို့မှာ စီးဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ညှပ်ဖိနပ်နဲ့ ဂျင်းဘောင်းကို မြို့ပေါ်မှာ တွဲဖက်ဝတ်စားဆင်ယင်လိုက်ပြီဆိုရင် ဖက်ရှင်အမှားကြီးတစ်ခု သင် ပြုမိပါပြီ။
ကြိုးမဲ့ဘွတ်ဖိနပ်
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒေးဗစ်ဘက်ခမ်း ဒီ trend ကို လူသိများစေခဲ့ပေမယ့် သူ့စတိုင်လ်ကို အမြဲအတုခိုးရမယ်ဆိုတာ မဟုတ်ပါဘူး။
အပြေးအားကစားစီး ရှူးဖိနပ်နဲ့ အနောက်တိုင်းဝတ်စုံ
မြို့ထဲလမ်းမတွေပေါ် ယောက်ျားလေးတွေ ဝတ်စုံနဲ့ အပြေးလေ့ကျင့်ခန်းစီးဖိနပ်တွဲဖက် ဝတ်ဆင်ကြတာ ကျွန်ုပ်တို့ မကြာခဏ မြင်တွေ့ရပါတယ်။
လုပ်ငန်ခွင်စီး ရှူးဖိနပ်ထက် အပြေးအားကစားစီး ရှူးဖိနပ်စီးရတာ သင့်အဖို့ သက်တောင့်သက်သာ ပိုဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုတွဲဖက်ဝတ်ဆင်တဲ့ ယောက်ျားလေးတွေ ရှိမရှိ မိမိကိုယ်ကို မေးကြည့်ပါ။
Ref: FLA