မွေ့ယာနဲ့ ကျန်းမာရေး

elite-daily-period.jpg
လူတစ်ယောက်ရဲ့ ဘက်စုံကျန်းမာရေးကောင်းဖို့အတွက် အိပ်ရေးဝဝ အိပ်စက်ဖို့က အရေးကြီးပါတယ်။ အမေရိကန် ၁၀ ယောက်မှာ ၆ ယောက်က လိင်ဆက်ဆံဖို့ထက် အိပ်ဖို့ကို ပိုသဘောကျကြပါတယ်တဲ့။ အိပ်ရေးဝဝ အိပ်စက်နိုင်ဖို့ဆိုရင် မွေ့ယာရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ National Sleep Foundation ကပြုလုပ်တဲ့ သုတေသနအရ အိပ်စက်မှု အရည်အသွေးက မွေ့ယာပေါ်မှာ မူတည်နေတယ်ဆိုတဲ့အချက်ကို လူပေါင်း ၉၀%ကျော်က သိရှိထားကြပေမဲ့ ကိုယ်နဲ့အဆင်မပြေတဲ့ မွေ့ယာကို လဲဖို့၊ စွန့်ပစ်ဖို့ကိုတော့ မေ့ထားတတ်ကြတယ်လို့ ဆိုပါတယ်။ ပုံမှန်မွေ့ယာတစ်ခုကို ၆နှစ်တစ်ကြိမ်လောက် လဲလှယ်သင့်ပါတယ်။ သိပ္ပံပညာအရ မွေ့ယာက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) စိတ်ဖိစီးမှုပမာဏကို တိုးစေနိုင်တယ်။
စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့အရာတွေထဲမှာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကနေစပြီး အလုပ်အကိုင်အထိပါဝင်သလို မွေ့ယာကြောင့်လည်း စိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ လေ့လာမှုအရ မွေ့ယာအဟောင်းပေါ်မှာ တစ်လကြာအိပ်ပြီးနောက် မွေ့ယာအသစ်ပေါ်မှာ တစ်လကြာပြောင်းအိပ်ကြည့်ခိုင်းတဲ့အခါမှာ စိတ်ဖိစီးမှုပမာဏ ထူးထူးခြားခြားကျဆင်းသွားတာကို တွေ့ရှိခဲ့ပါတယ်။မွေ့ယာအဟောင်းကြောင့် ဖြစ်တဲ့နောက်ကျောနာကျင်မှုနဲ့ သက်တောင့်သက်တာမရှိမှုတွေကြောင့် အိပ်ရေးမဝဖြစ်ခြင်းက ခန္ဓာကိုယ်အတွင်းရှိ ကော်တီစောပမာဏကို မြင့်တက်စေတာကြောင့် စိတ်ဖိစီးမှုဖြစ်စေတာ ဖြစ်ပါတယ်။
(၂) ဓာတ်မတည့်မှုတွေကို ဖြစ်စေနိုင်တယ်။
မွေ့ယာတွေမှာ သက်တမ်းကြာလာတဲ့အခါ ကြမ်းပိုးနဲ့ ဖုန်ကြောင့်ဖြစ်တဲ့ ပိုးမွှားတွေခိုအောင်းနေလေ့ရှိပါတယ်။ ဒီပိုးမွှားတွေက နှင်းခူလို အရေပြားရောဂါတွေဖြစ်စေနိုင်သလို အဆုတ်ကိုထိခိုက်စေနိုင်တဲ့အတွက် အသက်ရှူလမ်းကြောင်းပြဿနာတွေနဲ့ လည်ချောင်းနာတာတွေကို ပိုပြီးဆိုးဝါးစေနိုင်ပါတယ်။ပိုးမွှားကြောင့်ဖြစ်တဲ့ လေပြွန်ယားယံခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။
(၃) ခါးနာခြင်းကို ဖြစ်စေနိုင်တယ်။
အရမ်းမာလွန်းတဲ့၊ နူးညံ့လွန်းတဲ့ မွေ့ယာတွေက ခါးနာခြင်းကိုဖြစ်စေပါတယ်။ဒါကြောင့် အသင့်အတင့်ရှိတဲ့ မမာလွန်း မပျော့လွန်းတဲ့ မွေ့ယာက အကောင်းဆုံးပဲဖြစ်ပါတယ်။
(၄) အိပ်တဲ့အချိန်ဟောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
မွေ့ယာက ခန္ဓာကိုယ်ရဲ့ ပုံသဏ္ဍန်အတိုင်းဖြစ်စေတဲ့အတွက် လေပြွန်ကို အလွယ်တကူပိတ်စေနိုင်တာကြောင့် အိပ်တဲ့အချိန်မှာ အသက်ရှူရခက်ခဲစေပြီး ဟောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၅) အဝလွန်ခြင်းကို ဖြစ်စေနိုင်သလို ကိုယ်ခံအားကိုလည်းနည်းစေနိုင်ပါတယ်။
မွေ့ယာကြောင့် အဝလွန်တယ်ဆိုတာ ယုတ္တိမရှိသလို ဖြစ်နေပေမဲ့ တနည်းနည်းနဲ့ ဆက်စပ်မှုရှိတာကို တွေ့ရပါတယ်။ အရည်အသွေးညံ့ဖျင်းတဲ့မွေ့ယာတွေက သင့်ကိုညဘက်မှာ မကြာခဏနိုးစေနိုင်တဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။ အိပ်မပျော်တဲ့အတွက် တရေးနိုးချိန်မှာ အစာစားလိုစိတ်ကို ဖြစ်စေတာကြောင့် အဆီပိုတွေကို ဖြစ်စေပြီး အဝလွန်စေတာဖြစ်ပါတယ်။ဒါ့အပြင် အိပ်ရေးပျက်စေခြင်းက ကိုယ်ခံအားကို ကျစေပြီး အအေးမိခြင်းစတဲ့ နာမကျန်းမှုတွေကို ဖြစ်စေတတ်ပါတယ်။
(၆) အိပ်ရေးပျက်ခြင်းနဲ့ အိပ်ရေးမဝခြင်းတွေရဲ့ အကျိုးဆက်တွေခံစားရမယ်။
အိပ်မပျော်၊ အိပ်ရေးပျက်တဲ့အခါ နှလုံးရောဂါဖြစ်ဖို့ အခွင့်အလမ်း ၄၈% ပိုများတယ်လို့ဆိုထားတဲ့အတွက် ကိုယ့်အတွက် သက်တောင့်သက်တာ မရှိစေတဲ့ မွေ့ယာက နှလုံးရောဂါဖြစ်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုနိုင်ပါတယ်။
Ref:elitedaily
63 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.