ဥာဏ်ရည်မြင့်မားသူတွေဟာ အပေါင်းအသင်းနည်းကြတာကို သုတေသန တစ်ခုက တွေ့ရှိ

landscape-1471195168-gettyimages-484274219.jpg
ယေဘူယျအားဖြင့်တော့ အပေါင်းအသင်းများတဲ့သူတွေဟာ ပိုမိုပျော်ရွှင်ရတယ်လို့ ဆိုကြပေမယ့်လည်း သုတေသန အသစ်တစ်ခုက ဖော်ပြခဲ့တာကတော့ ဥာဏ်ရည်မြင့်မားသူတွေဟာ အပေါင်းအသင်းနည်းကြတယ် ဆိုတာပါပဲ။  လန်ဒန်မြို့မှာရှိတဲ့ တက္ကသိုလ်တစ်ခုက စိတ်ပညာဗေဒ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့  Satoshi Kanazawa နဲ့ စင်္ကာပူ နိုင်ငံက Norman Li ဆိုသူတို့ဟာ ပြီးခဲ့တဲ့လ ဗြိတိန်နိုင်ငံထုတ် စိတ်ပညာဗေဒ ဂျာနယ်ထဲမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုထဲမှာ စာရေးသူတွေအဖြစ်ပါဝင်ခဲ့ပါတယ်။ သူတို့ ရေးသားခဲ့တဲ့ အကြောင်းအရာကတော့ အပေါင်းအသင်းတွေဟာ ဘ၀ရဲ့ စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်မှုတွေကို ဘယ်လို သက်ရောက်မှု ဖြစ်စေလဲဆိုတာကို လေ့လာရေးသားခဲ့တာပဲ ဖြစ်ပါတယ်။
 
အသက် ၁၈ နှစ်ကနေ ၂၈ နှစ်ကြားရှိတဲ့ အရွယ်ရောက်ပြီးသူ ၁၅၀၀၀ ယောက်တို့ကို အချိန်ကြာရှည်စွာ စစ်တမ်းကောက်ယူပြီး လေ့လာခဲ့တဲ့အခါမှာ Kanazawa နဲ့ Norman Li တို့ဟာ အကြောင်းအရာ ၂ မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ပထမတစ်ခုကတော့ မြို့ပြမှာ နေထိုင်သူတွေဟာ ကျေးလက်မှာနေထိုင်သူတွေလောက် မပျော်ရွှင်ကြဘူး ဆိုတာဖြစ်ပြီး ဒုတိယ တစ်ခုကတော့ ဘ၀ရဲ့  စိတ်ကျေနပ်မှုမြင့်မားသူတွေဟာ လူမှုရေးဆိုင်ရာ ပတ်သက်နေမှုတွေ များပြားကြတယ်ဆိုတာပါပဲ။
 
သူတို့ရဲ့  သုတေသနကို ပြန်လည်သုံးသပ်တဲ့အနေနဲ့ Savanna ပျော်ရွှင်မှု သီအိုရီကို အသုံးချခဲ့တဲ့အခါမှာ သုတေသီတွေဟာ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုက အစောပိုင်း လူနေမှု ဘ၀ တွေကိုသာ အခြေခံထားတယ်လို့ ယုံကြည်ခဲ့ကြပြန်ပါတယ်။ အဲဒီနောက်မှာ သူတို့ရဲ့  သုတေသနကို ပြန်လည်ဖော်ထုတ်လိုက်ရာမှာတော့ ဥာဏ်ရည်ဥာဏ်သွေး မြင့်မားသူတွေဟာ အပေါင်းအသင်းတွေနဲ့ အချိန်ကုန်ဆုံးခြင်းတွေကြောင့် စိတ်ကျေနပ်မှု နည်းပါးလာရတယ်ဆိုတဲ့ ဒဿ       န တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။
 
"ဘ၀ ရဲ့  စိတ်ကျေနပ်မှုတွေ အတွက် လူဦးရေသိပ်သည်းမှု ဆိုင်ရာ သက်ရောက်မှုတွေဟာ ဥာဏ်ရည်မြင့်မားသူတွေထက် ဥာဏ်ရည်နိမ့်ပါးသူတွေဆီမှာ ၂ ဆ ပိုမို ကျယ်ပြန့်လာပါတယ်။ ဒါကြောင့် ဥာဏ်ရည်မြင့်မားသူတွေဟာလည်း တစ်ကယ်တမ်းတော့ အပေါင်းအသင်းတွေနဲ့ လူမှုရေးဆိုင်ရာ ဆက်ဆံမှုတွေအတွက် စိတ်ကျေနပ်မှု လျော့နည်းလာကြပါတယ်။" လို့ Kanazawa နဲ့ Norman Li တို့က ရေးသားခဲ့ကြပါတယ်။
 
ဝါရှင်တန်ပို့စ် သတင်းစာက ပျော်ရွှင်မှုဆိုင်ရာ ဘာသာရပ်တစ်ခုကို လေ့လာနေတဲ့ Carol Graham ဆိုသူ သုတေသီတစ်ဦးကို ထိုရှာဖွေတွေ့ရှိချက်နဲ့ပတ်သက်ပြီး ထင်မြင်ချက်ကိုမေးမြန်းခဲ့တဲ့အခါမှာတော့ "ဒီရှာဖွေတွေ့ရှိချက်က ဆိုလိုချင်တာကတော့ ဥာစ်ရည်မြင့်မားသူတွေဟာ အခြား ရေရှည်လိုအပ်တဲ့ အရာတွေပေါ်မှာ အာရုံစိုက်ခြင်ကြတာကြောင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အချိန်ပေးဖို့ကို သဘောမကြတာ ဖြစ်တယ်" လို့ ပြန်လည် ဖြေဆိုခဲ့ပါသေးတယ်။
 
Ref:cosmopolitan
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.