ဘာလင်မြို့က ရီဟားနား ပုံတူရုပ်ထု

rihannastatue.jpg
အဆိုတော်မလေး ရီဟားနားဟာ ဘာလင်မြို့ကို သွားရောက်ခဲ့တဲ့အခါမှာတော့ သူမရဲ့  ပုံတူ ရုပ်ထုကြီးတစ်ခု တည်ဆောက်ထားတာကို တွေ့လိုက်ရတဲ့အတွက် အံ့အားသင့်ခဲ့ရပါတယ်။ အဲဒီလို အဲ့အားသင့်ခဲ့ရပုံတွေကို ရီဟားနားက Instagram မှာ ဗီဒီယိုများ ရိုက်ကူးထားပြီး ပြန်လည် ပြသခဲ့ပြန်ပါတယ်။
 
သူမဟာ ဘာလင်မြို့ကို ရောက်ရှိနေစဉ်မှာလည်း သူမရဲ့  ထိုပုံတူ ရုပ်ထု ကို ဖန်တီးခဲ့တဲ့ အနုပညာရှင် Juan Sebastian Pelaez နဲ့လည်း တွေ့ဆုံခဲ့ပြီး ဖန်တီးမှုနဲ့ ပတ်သက်ပြီး မေးမြန်းလေ့လာခဲ့တယ်လို့လည်း ဆိုပါတယ်။ 
 
ထို ရုပ်ထုကတော့ ဘစ်ကနီ ၀တ်ဆုံ ၀တ်ဆင်ထားတဲ့ ရီဟားနား ကို ထိုင်လျက်မြင်တွေ့ရတဲ့ အနေအထားမျိုးနဲ့ ထုဆစ်ထားတာဖြစ်ပြီး ထူးဆန်းတာက ရီဟားနားရဲ့  မျက်နှာ ပုံစံကို ရင်သား ၂ ခုကြားမှာ ပြန်လည် ရေးဆွဲဖန်တီးထားပြီး ဦးခေါင်းနေရာမှာတော့ လစ်ဟင်းနေတာကိုတွေ့ရပါတယ်။ လက်၂ဖက်ကတော့ မျက်မှန်တစ်လက်ကို ကိုင်ဆောင်ထားတဲ့ အသွင်မျိုးနဲ့ ထိုရုပ်ထုကို ဖန်တီးထားပြန်ပါတယ်။
 
ရီဟားနားဟာ ဘာလင်မြို့ကိုရောက်ရှိတဲ့အခါမှာ ထိုပုံတူရုပ်ထု နဲ့ အတူ Pose တူညီစွာ ဓါတ်ပုံရိုက်ပြီး Instagram မှာ ဖော်ပြခဲ့သလို "သူတို့ဖန်တီးထားတဲ့ ငါ့ရဲ့  အကြီးမားဆုံး တင်ပါး" လို့လည်း ခိုင်းနှိုင်းရေးသားထားပြန်ပါတယ်။ 
 
Ref:cosmopolitan
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.