ဗင်ကားတစ်စီးနဲ့ လိင်ဆက်ဆံနေတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရ

ohio-man-arrested-for-allegedly-having-sex-with-parked-van.jpg
Ohio ပြည်နယ် Dayton မြို့မှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက် ဟာ ရပ်နားထားတဲ့ ဗင်ကား တစ်စီးနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတယ်လို့ ထူးဆန်းစွာ ကြားသိရပါတယ်။
 
ပြီးခဲ့တဲ့ အင်္ဂါနေ့ ၊ ည ၈ နာရီခန့်တုန်းက Dayton မြို့ ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာနေရာကို ဖုန်းဆက်အကြောင်းကြားမှုတစ်ခုကြောင့်ရောက်ရှိလာခဲ့ပါတယ်။ အမျိုးသားတစ်ယောက်ဟာ ဘောင်းဘီကို ချွတ်ပြီး ဗင်ကား တစ်စီးနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားနေတယ်လို့ တစ်စုံတစ်ယောက်က ဖုန်းဆက်တိုင်ကြားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက Michael Henson ဆိုသူ ထိုအမျိုးသားကို လာေ၇ာက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 
 
အမျိုးသမီးတစ်ဦးက ပြောပြခဲ့တာကတော့ Michael Henson ဟာ သူ့ရဲ့  လိင်အင်္ဂါကို ရပ်နားထားတဲ့ အနီရောင်ဗင်ကား တစ်စီးရဲ့  အင်ဂျင်ခန်း သံဇကာတွေကြားထဲ ထည့်သွင်းဖို့ ကြိုးစားနေတာတွေ့ခဲ့တယ်လို့ သတင်းပေးခဲ့ပြီး အခြား မျက်မြင်သက်သေ အမျိုးသမီး တစ်ဦးကလည်း Henson ဟာ ထိုအနီရောင်ဗင်ကားကို လိင်ဆက်ဆံနေတာတွေ့ပါတယ်လို့ ဆိုခဲ့ပြန်ပါတယ်။
 
အဲဒီအချိန်မှာတုန်းက Michael Henson ဟာ မူးယစ်ဆေးတစ်ခုခု သုံးထားတယ်လို့ ရဲ အရာရှိတွေက ထုတ်ပြန်ထားပြီး Michael Henson ကိုတော့ ဒေါ်လာ ၂၅၀၀ ဒဏ်ငွေရိုက်ပြီး မော်တော်ယာဉ်လုံးဝမရှိတဲ့ အချုပ်ခန်းတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
 
Ref:cosmopolitan
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.