စာချုပ်မချုပ်ပေမဲ့ Bonanza ဆိုတဲ့ထုတ်လုပ်ရေးနဲ့ အနုပညာလှုပ်ရှားမှုတွေ စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ ခါရာ

14089528_1786883614903882_108035348_n.jpg

မြန်မာနိုင်ငံ ကိုယ်စားပြု မစ္စတာတစ်ယောက်အနေနဲ့ ဟောင်ကောင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Mister Asia 2014 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ခါရာဟာ ဂီတဖက်ကိုလဲ ၀ါသနာပါတဲ့အပြင် အခုဆိုရင် ကားရိုက်ပိုင်းကို စတင်လှုပ်ရှားနေပါပြီ။ ကားကြီးအနေနဲ့ မဟော်ဂနီထုတ်လုပ်ရေးက ရိုက်ကူးတဲ့ Marry Me ဆိုတဲ့ ကားနဲ့ Dimensions ဆိုတဲ့ကားကြီးနှစ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဗီဒီယိုအနေနဲ့လဲ မင်းသမီး သဉ္ဖာနွယ်ဝင်းနဲ့အတူ The Accident ဆိုတဲ့ အက်ရှင်ကားတစ်ကားကိုရိုက်ကူးထားတယ်လို့သိရတာကြောင့်

"အခုလက်ရှိ အနုပညာလှုပ်ရှားမှုအပိုင်းကို အခုက သဉ္ဖာနွယ်ဝင်းနဲ့ဗီဒီယိုကားလေးတစ်ကားရိုက်ထားတယ်။ အက်ရှင်ကားလေးပေါ့။ ဒရာမာချိုးထားတဲ့ ဇာတ်ကားမျိုးပေါ့။ အဲ့ဒီကားကကျွန်တော့်ရဲ့ပထမဆုံးကားလေးဖြစ်တဲ့အတွက်ကြိုးစားမှုနဲ့ပတ်သက်ပြီး သိပ်အားမရဘူး။ ဆက်ပြီးလဲကြိုးစားသွားဦးမှာပါ။ ပြီးရင် ၉လပိုင်းမှာ အဲလစ်ဆောင်းနဲ့ကျွန်တော်ဖန်စီရိုမန့်စ်လေး လူငယ်ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးသွားဖို့ရှိပါတယ်။ ဗီဒီယိုကတော့ သဉ္ဖာနွယ်ဝင်းနဲ့ကားလေးက ပထမဆုံးပေါ့။ နောက်ပိုင်းမှာ သရဲကားတွေရော မတူညီတဲ့ကာရိုက်တာမျိုးစုံနဲ့အရောက်လာဦးမှာပါ"လို့ သူကပြောပါတယ်။

ကားကြီးအနေနဲ့ပတ်သက်ပြီးတော့လဲ သူက "ကားကြီးကတော့ Dimensions ဆိုတဲ့အက်ရှင်ဒရာမာကားကိုရိုက်ထားပါတယ်။ လက်ရှိက အသံတွေလဲပြီးနေပြီ။ Edit ကိုလဲတော်တော်များများ ၈၀ ရာခိုင်နှုန်းလောက်ပြီးနေပါပြီ။ အဲ့ဒါပြီးရင်တော့ ရုံတင်ဖို့ကိုဆက်ပြီးလုပ်ရမှာပေါ့။ အေရုံတင်ဖြစ်မလား။ ဘီရုံတင်ဖြစ်မလား။ မသိသေးဘူး။ ဘီရုံတင်ဖြစ်ရင်တော့ မြန်မယ်ပေါ့။ အေရုံတင်ဖြစ်မယ်ဆိုရင်တော့ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက်ထပ်စောင့်ရမှာပါ။ နောက်ထပ်ရိုက်ထားတာက အဲ့ဒီရဲ့အရှေ့မှာ Marry Me ပေါ့။ အဲ့ဒီကားလေးလဲတန်းစီနေပြီပြောတယ်။ အဲ့ဒီကားလေးထွက်လာရင်လဲအားပေးကြပါ။ အဲ့ဒီကားမှာလဲ တော်တော်လေးကြိုးစားထားပါတယ်"တဲ့။

လက်တွဲဖြစ်နေတဲ့ထုတ်လုပ်ရေးအကြောင်း မေးကြည့်လိုက်တော့ "အခုက Bonanza Production နဲ့ပူးပေါင်းပြီး ဗီဒီယိုကားလေးတွေ ရိုက်ဖြစ်နေတယ်။ အခုကတော့ စာချုပ်အနေနဲ့တော့မဟုတ်ဘူး။ နားလည်မှုနဲ့အချင်းချင်းပြောဆိုပြီး ရိုက်ဖြစ်ခဲ့တာပါ"လို့ သူက ဆိုပါတယ်။ 

သီချင်းပိုင်းနဲ့ပတ်သက်ပြီး ဖန်တီးနေဖြစ်ပုံကိုတော့ " EDM ဖက်ကိုတော့လုပ်နေပါတယ်။ ကျွန်တော့်ရဲ့ဝါသနာအရဆိုတော့ ရိုက်ကူးရေးအားတဲ့ရက်တွေမှာ သွားသွားပြီးအသံသွင်းဖြစ်နေတယ်။ ရှေ့ဆက်ပြီးက ကားရိုက်ကိုပိုဦးစားပေးလုပ်သွားမယ်။ ဘာလို့လဲဆိုတော့ သီချင်းကကျတော့ ၀ါသနာအရလုပ်တာဆိုတော့လေ။ ဒီကားရိုက်ကိုပဲဇောက်ချပြီးတော့ ပိုပြီးတော့လုပ်ဖြစ်မှာပါ။"လို့ သူကပြောပြပေးခဲ့ပါတယ်။ 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.