ဂေါ့ဖ်ယှဉ်ပြိုင်ကစားဖို့ အိုဘားမားကို အမျိုးသမီးတစ်ဦး စိန်ခေါ်

barack-obama-golf-marthas-vineyard-800x400.jpg
အမေရိကန် ပြည်ထောင်စု ရဲ့  လက်ရှိသမ္မတ ဖြစ်သူ ဘားရက်အိုဘားမားဟာ သူ့ရဲ့  ပြီးခဲ့တဲ့ နွေရာသီ ၈ ကြိမ်လုံးကို နာမည်ကျော် စပျစ်ခြံတစ်ခုမှာ အချိန်ဖြုန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စပျစ်ခြံဟာလည်း အမေရိကန် သမ္မတတိုင်း အတွက် ရိုးရာဓလေ့ တစ်ခုဖြစ်ခဲ့တဲ့နေရာဖြစ်ပါတယ်။ အိုဘားမားကတော့ အဲဒီ စပျစ်ခြံမှာ ဘောင်းဘီတိုနဲ့ ပိုလိုအကျီင်္တို့ကို ၀တ်ဆင်ပြီး ဂေါ့ဖ် ကစားခဲ့တာပါ။
 
အဲဒီ စပျစ်ခြံပတ်ဝန်းကျင်မှာ နေထိုင်တဲ့ အိမ်နီးနားချင်းများကတော့ လက်ရှိမှာ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် Hillary Clinton အတွက် ရန်ပုံငွေများစွာ ထောက်ပံ့နေကြသူတွေပဲဖြစ်ပါတယ်။ ထိုအိမ်နီးနားချင်းတွေထဲက Anne Getz ဆိုသူ အမျိုးသမီး တစ်ဦးကတော့ အမျိုးသမီးကဏ္ဍ ဖွံဖြိုးလာစေဖို့အတွက် Hillary ကိုထောက်ခံနေသူတစ်ယောက်ဖြစ်တဲ့အလျောက် အိုဘားမားကိုလည်း အမျိုးသမီး တစ်ဦး နဲ့ ဂေါ့ဖ် ယှဉ်ပြိုင် ကစားသင့်တယ်လို့ ဆိုကာ စိန်ခေါ်လိုက်ပြန်ပါတယ်။
 
"အိုဘားမား ဂေါ့ဖ် ကစားတာကို ကျွန်မ သဘောကျပါတယ်။ ဒါပေမယ့် သူဘယ်အချိန်မှာ အမျိုးသမီးတစ်ဦးနဲ့ ယှဉ်ပြိုင်ကစားမှာလဲ" လို့ Anne Getz က Times မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူမက သူမအနေနဲ့ အိုဘားမားနဲ့ ဂေါ့ဖ် ယှဉ်ပြိုင်ကစားဖို့ ကမ်းလှမ်းလိုပါတယ်လို့ ပြောကာ စိန်ခေါ်ထားပါသေးတယ်။ အဲဒီ စိန်ခေါ်မှုနဲ့အတူ သူမထပ်မံ ပြောဆိုခဲ့တာက "သူ ရှုံးမှာကြောက်နေတာလား?" ဆိုတဲ့ မေးခွန်းပါပဲ။
 
အားလုံးကတော့ အိုဘားမား အနေနဲ့ စိန်ခေါ်မှုကိုလက်ခံပြီး ထိုအမျိုးသမီးနဲ့ ယှဉ်ပြိုင်ဖို့ မျှော်လင့်နေကြပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.