မိမိလသာဆောင်ကို နှစ်လိုဖွယ် အပြင်ထွက်ထိုင်စရာ နေရာအဖြစ် ပြောင်းလဲနည်း

swedish-balcony1.jpg

မြို့ပြနေအိမ်တွေမှာ နေရာလပ်တွေ သိပ်ရှားပါတယ်။ ဒါကြောင့် နေရာလွတ်တိုင်းက အရေးကြီးပါတယ်။ အကယ်၍ သင်ဟာ ကံကောင်းလို့ လသာဆောင် ပိုင်ဆိုင်ထားပါက ပန်းခြံအသွင် အပြင်ထွက်ထိုင်စရာနေရာတစ်ခု ဖန်တီးပြုလုပ်နိုင်ပါတယ်။ ဘယ်လိုဖန်တီးပြုလုပ်မလဲဆိုတာကတော့..

၁။ မိမိတိုက်ခန်းက ကြွေ၊ အုတ်ကြွပ်ပြားတွေနဲ့ တည်ထားတယ်၊ လသာဆောင်ကြမ်းခင်းကို ရေစိုခံတွေ ခင်းထားပါက အပြင်ထွက်ထိုင်ရာနေရာအဖြစ် စီစဉ်ဆောင်ပြုလုပ်နိုင်ပါတယ်။ နေရောင်ခြည် ပြင်းထန်စွာ ကျရောက်ပါက sun shade ဖြစ်ဖြစ်တပ်ဆင်ပါ။

၂။ လသာဆောင်ရဲ့ အကျယ်အဝန်းပေါ်မူတည်ပြီး ပရိဘောဂကို ရွေးချယ်ပါ။ ထိုင်ခုံနှစ်လုံးနဲ့ စားပွဲတစ်လုံး သို့မဟုတ် ခုံတန်းလျားတစ်ခု စသဖြင့်ပေါ့။ ကြိမ် သို့မဟုတ် သစ်အမာစားက အကောင်းဆုံးပါပဲ။ နေရာကျယ်ကျယ်ဝန်းဝန်းရှိပါက နေ့ခင်းလှဲအိပ်စရာကုတင် သို့မဟုတ် ပုခတ်တောင် ထည့်ထားပါ။

၃။ အိုးစိုက်အပင်တွေက စိတ်ပျက်စရာအကောင်းဆုံး လသာဆောင်တောင် နှစ်လိုဖွယ်နေရာအဖြစ်သို့ ပြောင်းလဲစေနိုင်ပါတယ်။

၎။ လသာဆောင်အတွက် အသုံးအဆောင်ပစ္စည်းတွေကို ဖြည်းဖြည်းချင်း ထည့်သွင်းနိုင်ပါတယ်။ သံစုံခေါင်းလောင်း၊ တွဲလောင်းချိတ်အပင်၊ မီးသီး၊ နံရံကပ်မီးတိုင် စသဖြင့် ထားနိုင်ပါတယ်။

၅။ လသာဆောင်မှာ မှန်အကြည်ပြတင်းကာတွေ တပ်ဆင်ထားနိုင်ပါတယ်။ ဒါမှ မိုးရွာလဲ ဇိမ်နဲ့ အေးအေးဆေးဆေးနေထိုင်နိုင်မှာ ဖြစ်ပါတယ်။ 

Ref: TOI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.