အိုလံပစ် အားကစားပြိုင်ပွဲက ထူးခြားတဲ့အလုပ်

condom-man.jpg
၂၀၁၆ ခုနှစ် ရီယိုမြို့မှာကျင်းပတဲ့ အိုလံပစ် အားကစားပွဲတော်မှာ ထူးခြားတဲ့အလုပ်ကို လုပ်ပေးနေရတဲ့သူတွေ ရှိပါတယ်။ ဒါကတော့ ကွန်ဒုံးထည့်ထားတဲ့ လွယ်အိတ်ကြီးတွေကိုသယ်ပြီး အိုလံပစ် ကစားသမားတွေနေတဲ့နေရာတဝိုက်မှာ လျှောက်ပတ်ပြီးသွားနေရတဲ့ အလုပ်ဖြစ်ပါတယ်။လိင်ဆက်ဆံလိုတဲ့ အားကစားသမားတွေအတွက် လိုတဲ့အချိန်မှာချက်ချင်းရရှိစေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
 
အိုလံပစ်ကစားသမားတွေကအချင်းချင်း လိင်ဆက်ဆံတာအရမ်းများတဲ့အတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကအလွန်အမင်းစိတ်ပူရပါတယ်လို့ဆိုပါတယ်။ WHO က ရီယိုမှာ ဇီကာဗိုင်းရပ်စ်ပျံ့နှံ့မှုအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာအရေးပေါ်ကြေငြာချက်အဖြစ် တရားဝင် ထုတ်ပြန်ထားရပါတယ်။
 
အိုလံပစ် ကစားသမားတွေကူးစက်ခံရမယ့် ဖြစ်နိုင်ချေတွေကို တားဆီးနိုင်ဖို့အတွက် အိုလံပစ် ကော်မတီက ကစားပွဲကျင်းပချိန်သက်သက်အတွက်ကိုပဲ ကွန်ဒုံးပေါင်း ၄၅၀,၀၀၀ ဝယ်ယူထားခဲ့ပါတယ်။ သချာင်္နည်းအရ တွက်ကြည့်မယ်ဆိုရင် ဒီကွန်ဒုံးတွေသာ အားလုံးကုန်ခဲ့မယ်ဆိုရင် ကစားသမားတစ်ယောက်စီက ၄၃ ကြိမ်နှုန်းလိင်ဆက်ဆံမှာပဲ ဖြစ်ပါတယ်။အိုလံပစ်အားကစားပွဲတော်က ၂ ပတ်သာကြာမြင့်တဲ့ ပွဲတော်ဖြစ်ပေမဲ့ ပွဲကျင်းပရေးကော်မတီအနေနဲ့ ပူပင်မှုတွေ ရှိဆဲဖြစ်ပါတယ်။
 
၂၀၀၈ခုနှစ် အိုလံပစ်ပွဲတော်မှာကစားခဲ့တဲ့ ဂိုးသမား Hope Solo က ကစားသမားတွေက အဆောက်အဦးတွေကြားက မြက်ခင်းပြင်တွေနဲ့ လူတွေကြားမှာတင် လိင်ဆက်ဆံနေကြတာကို တွေ့ခဲ့ရပါတယ်လို့ ပြောပြပါတယ်။
၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပွဲတော်မှာလည်းပထမအပတ်မှာတင် ကွန်ဒုံးပေါင်း ၁၀၀,၀၀၀ ကျော်သုံးပြီးကုန်သွားခဲ့တဲ့အတွက် အရေးပေါ်ထပ်ဝယ်ခဲ့ရတာကြောင့် ကော်မတီအနေနဲ့၂၀၁၆ ခုနှစ်ပွဲတော်မှာဒီလိုမဖြစ်ရအောင် စီစဉ်ထားရတာဖြစ်တယ်လို့ ဆိုပါတယ်။
 
Ref: elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.