ဂဏာမငြိမ်သူတွေဟာ ပိုမိုကျန်းမာကြဟု လေ့လာမှုကဆို

1425691668774.jpg

ဘောပင်နဲ့ အလုပ်စားပွဲကို အမြဲခေါက်၊ ရိုက်နေတတ်သူတွေ ဒါမှမဟုတ် ထိုင်ခုံပေါ်ထိုင်ပြီး ဘောပင်ကို ချာခနဲလှည့်နေတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သင့်ကို စိတ်အာရုံပျက်ပြားစေတတ်ပါတယ်။ သူ့ကြည့်ရတာ ကိုယ့်အတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီလိုအမြဲတန်း ဂဏာမငြိမ်ဖြစ်မှုက သူ့ကို ကျန်းမာသန်စွမ်းသွက်လက်စေပါတယ်။

တကယ်တော့ ပိုမိုလှုပ်ရှားဆော့ကစားသူတွေဟာ နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေ ပိုနည်းကြောင်း University of Missouri မှာ ပြုလုပ်တဲ့ မကြာသေးမီက လေ့လာမှုတစ်ရပ်က ဖော်ပြပါတယ်။ ဒီလိုအသေးအဖွဲ လှုပ်ရှားမှုတွေက ခြေလက်အင်္ဂါများသို့ သွေးလည်ပတ်စီးဆင်းမှု သိသိသာသာ ပိုမိုတိုးမြင့်စေပါတယ်။

ဒါတွေက မတ်တတ်ရပ်၊ ခြေလက်ဆန့်တန်းမှုတွေ အစားလုပ်ရမယ့် အရာတွေမဟုတ်ပေမယ့် အကျိုးတစ်စုံတစ်ရာတော့ ရရှိစေပါတယ်။

Ref: purewow

183 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.