လက်သည်းကိုက်တတ်သူများ သတိထား

unnamed.png
လူအများစုဟာ အနည်းနဲ့အများ လက်သည်း ကိုက်တတ်ကြပါတယ်။ လက်သည်းတွေကြား ဘာတွေရှိလဲ သိတဲ့အချိန် ဘယ်သူမှ နှုတ်ခမ်းနဲ့တောင် ထိတော့မှာတောင် မဟုတ်ပါဘူး။ လက်သည်းကိုက်တာက ကြည့်ရဆိုးတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ အခြားအရုပ်ဆိုးတဲ့ အကျင့်တွေနဲ့ မတူဘဲ ကျန်းမာရေးကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ 
ဘေးလူတွေ စိတ်ကသိကအောက်ဖြစ်စေတဲ့အပြင် လက်သည်းက ခန္ဓာကိုယ်ထဲသို့ အညစ်အကြေးတွေ တစ်ပုံတစ်ခေါင်း ဝင်ရောက်စေပါလိမ့်မယ်။  လက်သည်းကိုက်တာက အမှတ်မထင်လုပ်ရပ်မို့  လက်သန့် မသန့် စစ်ဆေးမိကြမှလည်း မဟုတ်ပါဘူး။ လက်သည်းမှာ ဘက်တီးရီးယားပိုးတွေ ပြည့်သိပ်နေတဲ့အချိန် လူတွေအတွက် ကျန်းမာရေးအန္တရာယ်များပါတယ်။ 
လက်သည်းကိုက်ခြင်းကြောင့် ဗိုက်အောင့်ဝေဒနာ၊ မအီမသာဖြစ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတွေ  ဖြစ်စေပါတယ်။  လက်သည်းတွေကြားမှာ အန္တရာယ်ဖြစ်စေတဲ့ salmonella နဲ့ Escherchia coli ဘက်တီးရီးယားပိုးတွေရှိနေတာပါ။ 
အဲဒီအပြင် လက်ချောင်းပေါ်က ရောဂါပိုးပါတဲ့ အသားမာတွေ ခန္ဓာကိုယ်အတွင်း ကူးပြောင်းရောက်ရှိသွားနိုင်ပြီး လက်သည်းတွေ အမြဲကိုက်ဝါးနေခြင်းက သွားနဲ့ သွားဖုံးတွေ ပျက်စီးစေနိုင်ပါတယ်။
Ref: finelivingadvice
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.