အမြင်အာရုံ ဆုံးရှုံးမှုပြသနာ ကူညီပေးမယ့် ကန်စွန်းဥ

sweet-potato-it-helps-with-vision-problems-in-no-time-very-simple-and-useful-600x343.jpg

ကန်စွန်းဥဟာ ဟင်းပွဲနဲ့ အချိုပွဲတချို့မှာ တွေ့နေကျ ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သဘာဝအလျောက် ချိုတဲ့အရသာရှိပြီး သကြားဓာတ်များစွာ ပါဝင်ပါတယ်။ ကန်စွန်းဥက ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ အကုန်အကျသက်သာပြီး အမြင်အာရုံဝေဝါးမှုကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

ဗီတာမင် A ကင်းမဲ့မှုက အမြင်အာရုံခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့ အဆိုအရ ဗီတာမင် A ချို့တဲ့ခြင်းက ကူးစက်ရောဂါအမျိုးမျိုးကနေ သေဆုံးမှုအန္တရာယ် မြင့်တက်စေနိုင်ပြီး ကမ္ဘာတစ်ဝှမ်း ကလေးသူငယ် ၂၅၀ မီလျှံခန့် ဗီတာမင် A ချို့တဲ့မှု ရင်ဆိုင်နေကြတယ်လို့ သိရပါတယ်။

ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွင်းရောက်သွားရင် ဗီတာမင် A အဖြစ်သို့ ပြောင်းလဲတဲ့ beta-carotene ပမာဏမြောက်များစွာ ပါရှိပါတယ်။ ကန်စွန်းဥက အမျှင်ဓာတ် အရင်းအမြစ်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ပုံမှန်အရွယ်အစားရှိတဲ့  ကန်စွန်းဥ တစ်လုံးစားခြင်းက အမျှင်ဓာတ် ၄ ဂရမ် ရရှိစေပါတယ်။

အမြင်အာရုံဆုံးရှုံးမှု ကာကွယ်ပေးတဲ့အပြင် ဗီတာမင် A က ကိုယ်ခံအားစနစ် တိုးမြင့်စေနိုင်ပြီး မျက်စိနဲ့ အရိုးတွေ ပိုမိုကျန်းမာစေနိုင်ပါတယ်။

Ref: FLA

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.