ပါးစပ်ထဲရှိ အနာတွေကို ဒီနည်းဖြင့် ဖြေရှင်းနိုင်

canker-sores-in-mouth-here-is-how-to-naturally-get-rid-of-them-in-a-matter-of-minutes-without-using-any-medicine.png

ပါးစပ်ထဲရှိ အနာတွေက တွေ့နေကျ ခံတွင်းကျန်းမာရေးပြသနာတစ်ခု ဖြစ်ပါတယ်။ Aphthous ulcers လို့လည်း သိရတဲ့ ဒီပါးစပ်ထဲရှိ အနာတွေက အရမ်းဒုက္ခပေးပါတယ်။ ပါးစပ်အတွင်း ဘယ်နေရာမဆို ဖြစ်ပေါ်နိုင်ပါတယ်။ နှုတ်ခမ်းနဲ့ ပါးမို့အတွင်းဘက်၊ သွားဖုံးရင်း၊ လျှာပေါ် လျှာအောက်စတာတွေမှာ ဖြစ်တတ်ပါတယ်။ ဒါတွေက နှုတ်ခမ်းအပြင်ဘက် သို့မဟုတ် ပါးစပ်ထောင့်စွန်းတွေမှာ ဖြစ်တတ်တဲ့ ရည်ကြည်ဖုနဲ့ ကွဲပြားပါတယ်။

စိတ်ဝင်စားစရာက ပါးစပ်ထဲရှိအနာတွေဟာ နာကျင်မှု၊ ကသိကအောက်ဖြစ်မှု အထွတ်အထိပ် မရောက်ခင် နှစ်ရက်ကြာတတ်ပါတယ်။ တစ်နည်းအားဖြင့် ချက်ချင်းမနာဘဲ ဆိုးဆိုးရွားရွားမဖြစ်ခင် ကုသချိန်ပေးလိုက်တဲ့ သဘောပါပဲ။

ဒီနာကျင်မှုကို ဖယ်ရှားပေးနိုင်တဲ့ ရိုးစင်းနည်းလမ်းတစ်ခု ရှိပါတယ်။ အကောင်းဆုံးမှာ ဘယ်ဆေးဝါးမှ ၀ယ်နေစရာမလိုပါဘူး။ ရေခွက်တစ်ခွက်ထဲ ရေနဲ့ ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း ရောထည့်ပေးရပါမယ်။ ပါးစပ်ထဲ ၂ မိနစ်ပလုတ်ကျင်းပြီး ပြန်ထွေးထုတ်ပါ။ နောက်တစ်နည်းက ညမအိပ်ခင် ရေနွေးအနည်းငယ် သံပုရာသီးအနည်းငယ် ညှစ်ပြီး ဖျော်သောက်ရပါမယ်။ သကြားလုံးဝမထည့်ပါနဲ့။

နောက်နေ့မနက် အနာလုံးဝပျောက်သွားတာ တအံ့တသြတွေ့ရပါလိမ့်မယ်။ 

Ref: HFT 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.