အထိုင်များလွန်းခြင်းက အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်စေနိုင်

overweightoffice_3259695b.jpg

အချိန်ကြာမြင့်စွာထိုင်နေတာက နှလုံးရောဂါ၊ ဆီးချိုရောဂါ အန္တရာယ်နဲ့ ပိုမိုစိုးရိမ်စရာ အသက်အန္တရာယ်တွေနဲပါ ဆက်နွယ်နေတယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။ American Heart Association  မှ သိပ္ပံနည်းကျ အကြံပြုချက်အသစ်တစ်ခုမှာ ထိုင်နေခြင်းက ကျန်းမာရေးအတွက် ပြသနာဖြစ်စေနိုင်ကြောင်း လက်ရှိ ရှိနေတဲ့ အထောက်အထားတွေမှ အဓိကအချက်အလက်တွေကိုကြည့်ရှု သုံးသပ်ခဲ့ပြီး အထိုင်လျှော့၊ လှုပ်ရှားမှု ပိုလုပ်ပေးဖို့ အကြံပြုထားပါတယ်။

ထိုင်ရတဲ့အချိန် ပိုများနေခြင်းက စိတ်ကျရောဂါနဲ့ ဆက်နွယ်နေတဲ့အချိန်မှာပဲ ထိုင်တဲ့အချိန်ပိုမိုနည်းပါးခြင်းက စိတ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာပျော်ရွှင်မှုနဲ့ ကျန်းမာရေး ပိုမိုကောင်းမွန်ခြင်းတို့ ဆက်စပ်ကြောင်း တွေ့ရတယ်လို့ လေ့လာမှုများက ဖော်ပြထားပါတယ်။ ဒါပေမယ့် နောက်ထပ်သုတေသလေ့လာမှုတွေပြုလုပ်ဖို့ လိုအပ်သေးကြောင်း သုတေသီတွေက ဆိုပါတယ်။

University of Exeter နဲ့ University College London က သုတေသီတွေက ထိုင်တဲ့အချိန်ဟာ သေဆုံးမှုအန္တရာယ်မြင့်တက်လာမှုနဲ့ ပတ်သက်ဆက်နွယ်မှု မရှိဘူးလို့ လူ ၅၀၀၀ ကျော်ရဲ့ အလုပ်အကိုင်၊ တီဗီကြည့်ရှုခြင်းနဲ့ နေထိုင်မှုအလေ့အကျင့်တွေ ဆယ်စုနှစ်တစ်ခုနဲ့ ထက်ဝက်ကြာ ခြေရာခံလေ့လာပြီးနောက် သုံးသပ်ကြပြန်ပါတယ်။ 

တကယ်လို့များ သင်ဟာ တစ်ချိန်လုံးထိုင်နေရတဲ့ အလုပ်အကိုင်မျိုး လုပ်ရမယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ညီညွတ်စေဖို့ လမ်းခဏခဏ ထလျှောက်ပေးတာ၊ အညောင်းအညာဖြေတာ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာမျိုး လုပ်ပေးသွားနိုင်ရင် အကောင်းဆုံးပါပဲ။

Ref: TIME 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.