စာကြမ်းပိုးတွေဟာ အခြားသူတွေထက် အသက်ပိုရှည်ဟု လေ့လာမှုက အခိုင်အမာဆို

reading_study_hero.jpg

စာဘာ့ကြောင့် ဖတ်ရသလဲဆိုပြီး စဉ်းစားတဲ့အခါ အကြောင်းအရင်းတွေက သိပ်အဆင့်အတန်းမြင့်မားပါတယ်။ သူက သင့်ကို ပိုမိုထက်မြက်စေလာနိုင်ပါတယ်။ အသိဥာဏ်ပိုကြွယ်ဝလာမယ်၊ ဗဟုသုတတွေ တိုးပွားလာမယ်။ ဒါတင်မကသေးပါဘူး။ လူ့အသိုင်းအ၀ိုင်းမှာလည်း ၀င်ဆန့်လာပါလိမ့်မယ်။ ဥပမာ လူအများစုရှိနေတဲ့နေရာ Cocktail party တွေမှာဆိုပါစို့။ သင်ဟာ စာတွေဖတ်ထားတဲ့သူဆိုရင် အခြားလူတွေနဲ့ စကားတွေထဲထဲဝင်ဝင် ပိုမိုပြောဆိုနိုင်လာမယ်။ ဒါပေမယ့် စာဖတ်တာက စကားတွေ ဖောင်ဖွဲ့ပြောဆိုနိုင်အောင် စကားလုံးအလှကြွယ်ဝစေရုံသာ မကပါဘူး။ အသက်လည်း ပိုရှည်စေနိုင်ပါတယ်။

စာဖတ်သူတွေဟာ လုံးဝ စာမဖတ်သူတွေထက် ပျှမ်းမျှအသက် ၂ နှစ်ခန့် ပိုရှည်ကြောင်း Social Science and Medicine ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ တစ်ပတ် အချိန် ၃ နာရီခွဲနဲ့အထက် စာဖတ်သူတွေဟာ နောက် ၁၂ နှစ်အတွင်း သေဆုံးနိုင်ခြေ ၁၇ ရာခိုင်နှုန်း ပိုမိုလျှော့နည်းကြပါတယ်။

စာမဖတ်ခင် အရင်စဉ်းစားသင့်တဲ့ အချက်တစ်ခုက စာအုပ်တွေဟာ သတင်းစာ သို့မဟုတ် မဂ္ဂဇင်းတွေထက် ပိုအကျိုးပြုတယ်ဆိုတာပါပဲ။

Ref: purewow

216 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.