သားဖြစ်သူကို ဆုံးရှုံးပြီးနောက် သမိုင်းဝင် မိခင်နို့ရည်လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ မိခင်

unnamed_1.jpg
လူတွေဟာ ဆုံးရှုံးမှုကို နည်းလမ်းအမျိုးမျိုးနဲ့ အောင်မြင်စွာ ကျော်လွှားခဲ့ကြပါတယ်။ ဒါပေမယ့် တချို့က အခြေအနေကို အလှပဆုံးဖန်တီးပြီး ကောင်းမှုတစ်ခုခု ပြုလုပ်ကြပါတယ်။ အဲဒီလူတွေထဲ Demi Frandsen လည်း တစ်ယောက် အပါအဝင်ပေါ့။ 
 
မကြုံစဖူး မွေးရာပါချို့ယွင်းမှုတစ်ခုကြောင့် ၁၀ လအရွယ် သားလေးကို ဆုံးရှုံးပြီးနောက်  Frandsen က ဂါလံ ၁၃၁ ဂါလံနဲ့ ညီမျှတဲ့ မိခင်နို့ရည် ၁၇,၅၀၀ အောင်စကို Nebraska က Omaha Children’s Hospital and Medical Center Donation and Outreach Center သို့ လှူဒါန်းခဲ့ပါတယ်။ ယင်းအဖွဲ့အစည်းမှ လက်ခံရရှိဖူးသမျှထဲ အများဆုံး ဖြစ်ကြောင်းToday Parents အရ သိရပါတယ်။ 
 
Frandsen ရဲ့သား Leo မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ၂ ပေါင် ၄ အောင်စ သာ ရှိခဲ့ပြီး gastroschisis ခေါ် ဝမ်းဗိုက်နံရံ ထိခိုက်စေတဲ့ မွေးရာပါချို့ယွင်းချက်တစ်ခုနဲ့အတူ မွေးဖွားခဲ့ပါတယ်။ အစောပိုင်းမှာ Frandsen နို့သိပ်မထွက်ခဲ့ပါဘူး။ ဒီတော့ သူမရဲ့ မိခင်နို့ရည်တိုက်ကျွေးခြင်းဆိုင်ရာ အကြံပေးက နာမကျန်းဆေးရုံတင်ထားတဲ့ ကလေးငယ်တွေကို အကူအညီရစေဖို့ နို့ရည်လှူဒါန်းဖို့ အကြံပြုခဲ့ပါတယ်။ Leo ဆေးရုံမှာ ရှိနေသေးတဲ့အချိန်မှာ ကလေးအိမ်ပြန်ရင်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ Frandsen နို့ရည်တွေ အရန်သိမ်းဆည်းခဲ့ပါတယ်။ ပထမ ၆လအတွင်း ၃ နာရီတစ်ကြိမ်မပြတ် တိုက်ကျွေးခဲ့ပါတယ်။ 
 
Leo ဆုံးပြီးနောက်ပိုင်းမှာတောင် Frandsen မှာ ရက်သတ္တပတ်နဲ့ချီအောင် နို့ရည် ဆက်လက်ရှိခဲ့ပါတယ်။ မရှိတော့တဲ့ ရင်သွေးအတွက် နို့ရည်ထုတ်မှု ရပ်တန့်စေရေး မိမိခန္ဓာကိုယ်ညွန်ကြားရတာ ကလေးရှိစဉ် တယုတယ ဂရုမစိုက်နိုင်တာထက် ပိုလို့တောင် စိတ်ထိခိုက်စေတယ်လို့ သူမက ဆိုပါတယ်။ ဒါ ရင်သွေးအတွက် မိခင်တစ်ဦးရဲ့ အလိုအလျောက်ဓာတ်တုံ့ပြန်မှုတစ်ခု ဖြစ်ပြီး မိမိခန္ဓာကိုယ်ကို အဲဒီအလိုအလျောက်တုံ့ပြန်မှု ရပ်တန့်ခဲ့ရပါတယ်။ 
 
Frandsen အနေနဲ့ မိခင်နို့ရည် ၁၇,၅၀၃ အောင်စ စုဆောင်းခဲ့ပါတယ်။ Colorado က Milk bank က လက်ခံရရှိခဲ့ပြီး လှူဒါန်းမိခင်နို့ရည်အတွက် ထုံးစံအတိုင်း နို့ရည်ကို တာရှည်ခံအောင် ပြုလုပ်ခဲ့ပါတယ်။ မိခင်နို့ရည်ကို သတ်မှတ်အပူချိန်မှာ အပူပေးပိုးသတ်ခြင်းတာက နို့ရည်ရဲ့အာဟာရနဲ့ ကိုယ်ခံအားသတ္တိတွေ ပျက်စီးသွားခြင်းမရှိဘဲ ကူးစက်ရောဂါ ကူးပြောင်းမှုအန္တရာယ်ဖယ်ရှားဖို့လို့ ဆိုပါတယ်။  ဒီလိုလှူဒါန်းမှုပြုခြင်းက Leo ကို ဂုဏ်ပြုမှုနည်းတစ်ခုဖြစ်တဲ့အပြင် သူမနည်းတူ နာကျင်မှုခံစားသူ မိခင်တွေကို အထောက်အကူဖြစ်စေဖို့လည်း ဖြစ်ပါတယ်။ 
 
Ref:simplemost
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.