ကွန်တိန်နာတွေနဲ့ပဲ တည်ဆောက်ထားတဲ့ Shopping Mall

9-2048x1365-750x500.jpg

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က Common Ground ဟာ သာမန် shopping mall တော့မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဈေးဆိုင်တန်းကို စုစုပေါင်း ၁၇,၄၀၀ စတုရန်းပေအကျယ်အဝန်းရှိတဲ့ နေရာမှာတစ်ခုမှာ မော်ဂျူးပုံစံသင်္ဘောကုန်တင်သေတ္တာ (ကွန်တိန်နာ) အလုံးပေါင်း ၂၀၀ အသုံးပြု  တည်ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

အဲဒီဈေးဆိုင်တန်းမှာ လေဟာပြင် ထိုင်စရာနေရာတွေ ပါရှိပြီး မိုးလုံလေလုံ ထိုင်စရာနေရာ တစ်နေရာလည်း ပါဝင်ပါတယ်။ သစ်ရွက်တွေက ဈေးဝယ်သူတွေကို သဘာဝနဲ့ မကင်းမကွာ ရှိနေစေပါတယ်။

ဈေးဆိုင်ငယ်လေးတွေ၊ အများသုံး တယ်လီဖုန်းရုံတို့ကလည်း နေရာလွတ်တွေမှာ အသီးသီး ရှိနေကြပါတယ်။ နေညခင်း လေညင်းအောက်မှာ အေးအေးလူလူ အပန်းဖြေလမ်းလျှောက်ထွက်လို့လည်း ရပါသေးသတဲ့။

အလယ်မှာတော့ အမိုးဖွင့် အဆောက်အအုံမှာ ဗိုက်ဆာတဲ့ ဈေးဝယ်သူတွေအတွက် အစားအသောက်ရောင်းလက်တွန်းလှည်းတွေ ရှိပါတယ်။ အထဲမှာတော့ စတိုးဆိုင်တွေရဲ့ အပြင်အဆင်၊ စားသောက်စရာနေရာတွေ တွေ့နိုင်ပါတယ်။ ဒီဝင်းထဲမှာ အနုပညာလက်ရာ ပြခန်းတောင် ရှိပါတယ်။ 

Ref: Simplemost 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.