ဟန်းနီးမွန်းခရီးမှာ ဇနီးအစား ဓာတ်ပုံကိုပဲ ခေါ်သွားတဲ့ ခင်ပွန်း

landscape-1470865474-cpvo6m0w8aaysg9.jpg
ဟန်းနီးမွန်းမထွက်ခင် ရက်ပိုင်းအလိုမှာပဲ လက်ထပ်ပြီးကာစဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ Faizan Patel နဲ့ Sana Patel တို့မှာ ပြဿနာတစ်ခုရှိခဲ့ပါတယ်။ ဇနီးအသစ်စက်စက်ဖြစ်တဲ့ Sana Patel ရဲ့ ပတ်စပို့ပျောက်သွားတဲ့အတွက် သူတို့ရဲ့ အီတလီ ဟန်းနီးမွန်းခရီးကို အတူမသွားနိုင် ဖြစ်ခဲ့ပါတယ်။
 
ဟန်းနီးမွန်းခရီးစဉ်ကို ဖျက်သိမ်းရင် ငွေပြန်မအမ်းပေးတဲ့အတွက် သူက သူမမပါဘဲ အီတလီဟန်နီးမွန်းခရီးကို တစ်ယောက်တည်းသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ အရမ်းထူးတဲ့ အစီအစဉ်တစ်ခုရှိပါတယ်။ ခရီးစဉ်မှာ ဇနီးအစစ်ကို ခေါ်မသွားနိုင်ပေမဲ့ ဇနီးရဲ့ ဓာတ်ပုံကို သူ့ဘေးမှာထားပြီး ခေါ်သွားတာပါပဲ။ သူ့သတိုးသမီးအသစ်လေးရဲ့ paper version ကိုခေါ်သွားတယ်လို့ ပြောလို့ရပါတယ်။
 
Faizan Patel အတွက် ကံကောင်းတာက ခရီးစဉ်တလျှောက်လုံး သူ့ဇနီးရဲ့ ပတ်စပို့ပျောက်ဆုံးတဲ့အကြောင်း တွစ်တာပေါ်မှာတင်နေခဲ့တဲ့အတွက် ဒီသတင်းက အိန္ဒိယရဲ့နိုင်ငံခြားရေးဝန်ကြီး SushmaSwaraj ထံရောက်ရှိသွားပြီး Patel ဇနီးကို ပတ်စပို့တစ်ခုအမြန်ထုတ်ပေးနိုင်ရေးကို ကူညီပေးခဲ့တာပါပဲ။
 
နောက်ဆုံးရရှိတဲ့ သတင်းအရ Sana Patel က ပတ်စပို့အသစ်တစ်ခု ရရှိထားပြီး ဗီဇာရဖို့အတွက်လည်း VFS ရုံးနဲ့ ချိန်းထားပြီးဖြစ်ကြောင်းနဲ့ မကြာမီမှာပဲ ခင်ပွန်းနဲ့အတူ ဟန်းနီးမွန်းခရီးကို သွားရောက်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
Ref:cosmopolitan
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.