သင့်ရဲ့ ဆေးဆိုးထားတဲ့ ဆံပင်အရောင်ကို ငြီးငွေ့ နေပြီလား ဒါမှမဟုတ် ဒီဆံပင်တွေကြောင့် စိတ်အနှောက် အယှက်ဖြစ်နေပြီလား။ ဆံပင် အလှအပနဲ့  ဆံပင် အရောင်အတွက် အလှပြင်ဆိုင်ကိုပဲ အားကိုးနေလို့  မဖြစ်ဘူးလေ။ ဒီတော့ ဆံပင် ကာလာတောက်ပပြီး ရွှန်းလဲ့စိုပြေစေဖို့ အတွက် Brand သုံးမျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Roux Color Refresh Mask – အရောင်တင် မက်စ်ခ် က ၃ မိနစ် နဲ့  သင့်ရဲ့ ဆံပင်ကာလာ ကိုတောက်ပ စေလာမှာပါ။ ဒါပေမယ့် ၃ရေ ဒါမှမဟုတ် ၅ရေ လျှော်ပြီးရင်တော့ အရောင်က ပြန်ကျသွားနိုင်ပါတယ်။ သင့်ရဲ့ ဆံသားနဲ့ လည်း ဆိုင်ပါတယ်။ ဆံပင် ကာလာကစားချင်တဲ့သူတွေအတွက် အရမ်းသင့်တော်ပါတယ်။
ColorMarkTouchBack Plus sulfate-free Shampoo and Conditioner – ဒီခေါင်းလျှော်ရည်လေးကတော့ ယာယီဆေးဆိုးထားတဲ့ ဆံပင်အတွက်ရော၊ တာရှည်ခံဆေးဆိုးထားတဲ့ ဆံပင်အတွက်ပါ သုံးစွဲနိုင်ပါတယ်။ ၂ကြိမ်လျှော်ရုံနဲ့  မှိန်နေတဲ့ အရောင်တွေ အရောင်တက်လာအောင်ပြန် စွမ်းဆောင်နိုင်ပါတယ်။ ဆံသားတွေကိုလည်း UVကြောင့် ပျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ပျက်စီးနေတဲ့ ဆံပင်ကိုလည်းကောင်းမွန်လာအောင် ပြုပြင်ပေးနိုင်ပြီးတောက်ပချောမွတ်စေပါတယ်။
Revlon Luxurious ColorSilk Buttercream – အမိုးနီးယားပါဝင်ခြင်းလုံးဝမရှိတဲ့ တာရှည်ခံ ဆံပင်ဆိုးဆေးခရင်မ်ပါ။ ရယ်ဗယ်လွန် ရဲ့  ထောပတ်ခရင်မ် နည်းပညာနဲ့ ထုတ်လုပ်ထားလို့  ဆံပင်မှာ လိမ်းထားရုံနဲ့ ဆံပင်ကိုရွှန်းလဲ့တောက်ပစေမှာပါ။
ဒါတွေရှိပြီဆိုရုံနဲ့တင် အလှပြင်ဆိုင်ကိုတကူးတကသွားနေစရာမလိုပဲ၊ အိမ်မှာအေးအေးဆေးဆေးနဲ့ ကိုယ်ကိုယ် တိုင် ကိုယ့်ရဲ့  ဆံပင်ကာလာအလှကို ဖန်တီးနိုင်ပါပြီ။
Ref: COSMOPOLITAN