သင့်စမတ်ဖုန်း၊ ကွန်ပျူတာကို ထိန်းချုပ်ပေးနိုင်တဲ့ ယာယီသတ္တုတက်တူး

ကွန်ပျူတာ၊ စမတ်ဖုန်းနဲ့ တခြားချိတ်ဆက်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေကို ထိန်းချုပ်ဖို့ အသုံးပြုနိုင်တဲ့ ယာယီသတ္တုတက်တူးတစ်မျိုးကို သုတေသီတွေက ဖန်တီးခဲ့ပါတယ်။ ဒီတက်တူးတွေက ဘယ်သူ့ကိုမဆို အရေပြားပေါ်ကနေ တိုက်ရိုက်ကြားခံ ဆက်သွယ်ပေးနိုင်တယ်လို့ အမေရိကန်နိုင်ငံ Massachusetts Institute of Technology (MIT) မှ Hsin-Liu Kao က ဆိုပါတယ်။

DouSkin ခေါ် ဒီယာယီတက်တူးတွေဟာ ဓာတ်ပုံကျည်းဘောင်နဲ့ ချောကလက်တွေ အလှဆင်ဖို့ အသုံးများတဲ့ ရွှေညောင်ရွှက်တွေကို အသုံးပြုကာ လျှပ်ကူးပစ္စည်းတစ်ခုအဖြစ် လုပ်ဆောင်ပြီး လျှပ်စီးပတ်လမ်းသေးသေးလေးတွေကို ဆက်သွယ်ပေးပါတယ်။ ဒီနည်းပညာသစ်က ဘယ်သူမဆို အထူးလုပ်ထားတဲ့ တာရှည်ခံ ရွှေတက်တူးကို ဖန်တီးစေပါတယ်။ အရေပြားမှာ တိုက်ရိုက်တပ်ဆင်နိုင်ပြီး နည်းလမ်းအမျိုးအမျိုး အသုံးပြုနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

ဖြည့်သွင်းပစ္စည်းတစ်ခုအဖြစ် လုပ်ဆောင်ပေးတဲ့ တက်တူးတွေက အရေပြားကို track pad တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပြီး သုံးစွဲသူတွေကို ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုစေကာ တက်တူးပေါ်ကနေ app တွေကို ထိန်းချုပ်စေနိုင်မယ်လို့ ပြောဆိုကြပါတယ်။

ဥပမာ – တက်တူးက ခန္ဓာကိုယ်အပူချိန်ပေါ်မူတည်ပြီး အရောင်တွေ ပြောင်းလဲနိုင်ပါတယ်။ နောက် Couple Harmony ခေါ် သုတေသီများမှ တီထွင်ထားတဲ့ app နဲ့လည်း ချိတ်ဆက်နိုင်ပြီး လက်တွဲဖော်တွေ အချင်းချင်း လတ်တလောစိတ်ခံစားချက်ကို သိရှိစေနိုင်ပါသေးတယ်။ 

Ref: TOI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.