အားကစားပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ရသူတွေက ဆုတံဆိပ်ကို ဘာကြောင့်ကိုက်ကြသလဲ

landscape-1471013616-bite-medals-rev.jpg
ဆုရတဲ့ အိုလံပစ် အားကစားပြိုင်ပွဲဝင်တွေရဲ့ စင်မြင့်ထက်မှာ အပျော်မျက်ရည်တွေ ဆုယူနေတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး ထူးခြားတဲ့ ပုံစံတစ်ခုကို ကျွန်မသတိပြုမိပါတယ်။ သူတို့အားလုံးက သူတို့ရဲ့ ရွှေတံဆိပ်တွေကို ကိုက်ကြပါတယ်။ ပထမတော့ ဒါက တိုက်ဆိုင်မှုတစ်ခုလို့ ထင်ခဲ့ပေမဲ့ အားကစားသမား တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ ရွှေတံဆိပ်တွေကို ပါးစပ်ထဲမှာ ကိုက်ထားတာကိုတွေ့ရတော့ ဒါက နာမည်ကြီးတွေရဲ့ အကျင့်တစ်ခုဖြစ်နေပြီး အကြောင်းပြချက်တစ်ခုရှိရမယ်လို့ သံသယရှိလာပါတယ်။
ကျွန်မတွေ့ရှိခဲ့တဲ့ အကြောင်းပြချက်ရှိပါတယ်။ ရွှေဆိုတာ တခြားသတ္တုတွေထက် ပိုပျော့ပြောင်းပြီး ပုံသွင်းနိုင်ပါတယ်။ ရွှေစစ်မစစ်ကို သွားနဲ့ကိုက်ကြည့်ရင် ရွှေအစစ်ဆိုပါက သွားရာထင်ကျန်ခဲ့ရပါမယ်။ ဒါကြောင့် ဆုတံဆိပ်က တရားဝင်ပေးတဲ့ ရွှေအစစ် ဟုတ်မဟုတ်ကို သွားနဲ့ကိုက်ပြီး စစ်ကြည့်ကြတာ ဖြစ်ပါတယ်။ ကိုယ်ရလိုက်တဲ့ဆုကို အမှန်ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ကျေနပ်အားရဖြစ်ပြီး ဆန်းစစ်ကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အားကစားသမား အများစုက ဆုတံဆိပ်က ဘာနဲ့ လုပ်ထားလဲဆိုတဲ့ အရာထက် ဆုတံဆိပ်ရဲ့ ကိုယ်စားပြုမှုကိုသာ ပိုပြီးအလေးထားကြတာပါ။ ဒါဆိုရင် ဘာကြောင့် ရေကူးသမားတွေကနေ ဂျူဒိုကစားသမားတွေအထိ ကစားသမားအားလုံးက ဆုယူတဲ့ စင်ပေါ်မှာ ရွှေတံဆိပ်ကို ပါးစပ်နဲ့ ကိုက်နေတဲ့ပုံစံနဲ့ ဓာတ်ပုံအရိုက်ခံကြတာပါလဲ။
အပြည်ပြည်ဆိုင်ရာ သမိုင်းဝင် အိုလံပစ်ကစားသမားအဖွဲ့ ဥက္ကဌ David Wallechinsky က “ဒါက ဓာတ်ပုံဆရာတွေရဲ့ အစွဲအလန်းတစ်ခုလို ဖြစ်နေပါတယ်။ သူတို့က ဒီဆုတံဆိပ်က ရောင်းချင်ရင် ရောင်းလို့ရတဲ့ အမှတ်တရ ပစ္စည်းတစ်ခုအနေနဲ့မြင်ကြပြီး ဂုဏ်ယူစရာ သင်္ကေတတစ်ခုအနေနဲ့ သတ်မှတ်ကြတာဖြစ်ပါတယ်။နောက်ပြီး ဒီအမူအရာကို အားကစားသမားတွေက ကိုယ်ပိုင်စိတ်ကူးနဲ့ လုပ်ကြတဲ့သူနည်းပြီး ဓာတ်ပုံဆရာတွေ အကြံပေးတဲ့အတိုင်း လိုက်လုပ်ကြတာ ဖြစ်ပါတယ်လို့” ပြောကြားခဲ့ပါတယ်။နောက်ပြီး ဆုတံဆိပ်ကို ကိုက်ကြတဲ့သူတွေထဲမှာ ရေကူးသမားတွေက အများဆုံးဖြစ်ပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Ref:cosmopolitan

 

46 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.