မိမိစာအုပ်စင်ကို စနစ်တကျ စီစဉ်ထားရှိနည်း (၅) သွယ်

rainbow.png

တကယ်လို့ သင်ဟာ စာကြမ်းပိုး တစ်ယောက်ဖြစ်ပြီး အထူးသဖြင့် စနစ်တကျ စီစဉ်တတ်သူမဟုတ်ပါက တစ်အိမ်လုံး စာအုပ်တွေ ပြန့်ကျဲနေပါလိမ့်မယ်။ စာအုပ်တွေကို စနစ်တကျနဲ့ အသုံးတည့်အောင် သီးသန့် စုသိမ်းထားဖို့ လွယ်ပါတယ်။ အလုပ်လွယ်ကူစေတဲ့အပြင် အလုပ်နဲ့ နေရာတွေ ရှင်းရှင်းလင်းလင်း ရှိစေပါလိမ့်မယ်။ သင့်စာအုပ်စင် စနစ်တကျဖြစ်စေမယ့်နည်းလမ်းတချို့ရှိပါတယ်။

၁။ အက္ခရာစဉ်အတိုင်း ခွဲခြားထားရှိပါ

သင့်စာအုပ်စင် စီစဉ်နေရာချထားမှု အကောင်းဆုံးနည်းလမ်းနဲ့ တွေ့နေကျပုံစံက စာအုပ်တွေကို အက္ခရာအစီအစဉ်အလိုက် စီထားခြင်းပဲ ဖြစ်ပါတယ်။ စာရေးဆရာရဲ့ ရှေ့ဆုံး သို့မဟုတ် နောက်ဆုံးနာမည်အလိုက် ဒါမှမဟုတ် စာအုပ်ခေါင်းစဉ်နဲ့လည်း ထားနိုင်ပါတယ်။

၂။ စာအုပ်အမျိုးအစားအလိုက်

ဒါက စာအုပ်စီစဉ်ထားရှိတဲ့ အလွယ်ဆုံးနည်းလမ်းဖြစ်ပြီး သက်ဆိုင်ရာ အမျိုးအစားတစ်ခုခု ရှာဖတ်မယ်ဆိုရင်လည်း အလွယ်တကူရှာဖွေနိုင်ပါတယ်။ ဟာသစာပေ၊ ဂန္တဝင်စာပေ၊ လျို့ဝှက်သည်းဖိုဝတ္ထု စသဖြင့် စင်တွေ ခွဲခြားသတ်မှတ်ထားနိုင်ပါတယ်။  

၃။ အရောင်သင်္ကေတဝှက်

စာအုပ်အရောင်အလိုက် စီစဉ်ထားရှိခြင်းဖြင့် သင့်စာအုပ်စင်ကို သက်တံ့တစ်ခုအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဥပမာ – တကယ်လို့ သင့်စာအုပ်အများစုက အနက်ရောင်နဲ့ အဖြူရောင်တွေ ဖြစ်ပါက အဖြူ၊ အမည်အကန့်တစ်ခု ဖန်တီးနိုင်ပါတယ်။

၎။ ပုံနှိပ်ထုတ်ဝေမှုအလိုက် စီပါ

စာအုပ်တွေ ရောမသွားချင်ဘူးဆိုရင် အကောင်းဆုံး စီနည်းတစ်ခုက ပုံနှိပ်ထုတ်ဝေသူ publisher တွေအလိုက် ခွဲခြားခြင်းပဲ ဖြစ်ပါတယ်။ Publisher တစ်ခုချင်းအတွက် သီးခြားကဏ္ဍတွေ စီစဉ်ပေးနိုင်ပါတယ်။ ဒါမှ စာအုပ်တွေ ရောထွေးမသွားမှာ ဖြစ်ပါတယ်။

၅။ လုပ်နေကျ ပုံမှန်စာအုပ်စီနည်းမဟုတ်ဘဲ ထူးထူးခြားခြား ပြုလုပ်နိုင်ပါတယ်။

သူငယ်ချင်းနဲ့ မိသားစုဆီက လက်ဆောင်ရထားတဲ့ စာအုပ်တွေရှိပါက သူတို့အတွက် သီးခြားနေရာတစ်ခု ပြုလုပ်ပေးနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် ဝယ်ထားတဲ့စာအုပ်တွေကိုတော့ နောက်တစ်နေရာမှာ ထားရှိနိုင်ပါတယ်။ 

Ref: TOI 

25 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.