Bermuda Triangle ဆိုတဲ့နေရာ ရေအောက်မှာ ဧရာမဖန်ပိရစ်မစ် ၂ ခု ရှာဖွေတွေ့ရှိ

unnamed.png
အဏ္ဏဝါဗေဒပညာရှင် Dr. Meyer Verlag ဆိုသူက အသံလှိုင်းဖြင့် ရေအောက်ဝတ္တုတို့ရဲ့ တည်နေရာကို ရှာဖွေတဲ့ ကိရိယာ sonar အသုံးပြုပြီး အီဂျစ်က Cheops ပိရမစ်ထက် ၃ ဆ ပိုကြီးတဲ့ ဧရာမဖန်ပိရမစ်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။Bermuda Triangle က ပင်လယ်ရေအောက် ၃ မီတာမှာ တည်ရှိတဲ့ ဒီဧရာမဖန်ပိရမစ်တွေကို တွေ့ရှိခဲ့တာပါ။ အသုံးပြုတဲ့ အဆိုပါနည်းပညာဟာ ခေတ်မီသိပ္ပံနည်းပညာတစ်ခုတော့ မဟုတ်ပါဘူး။ 
 
အဲဒီ ပိရမစ်တွေကို မြေငလျင်တစ်ခုခုကနေ သမုဒ္ဒရာကြမ်းပြင်သို့ လျှောဆင်းစေခဲ့တာလို့ သိပ္ပံပညာရှင်တချို့ယုံကြည်ထားချိန်မှာ တခြားသိပ္ပံပညာရှင်တွေက အတ္တလန်တိတ်ကျွန်းက လူတွေအတွက် အထောက်အပံ့ ပစ္စည်းလှောင်ရုံတစ်ခုဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။  ပိုပြီးထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေခဲ့မယ်ဆိုရင် ဒီပိရမစ်တွေဟာ အတ္တလန်တိတ်ကျွန်းဟာ အမှန်တကယ်တည်ရှိခဲ့ကြောင်း သက်သေအထောက်အထား ဖြစ်နိုင်ပြီး Bermuda Triangle ရဲ့ လျို့ဝှက်ဆန်းကြယ်မှု အဖြေထုတ်ပေးနိုင်ပါတယ်။  
 
ပိရမစ်ထိပ်မှာ သမုဒ္ဒရာရေ အဝင်အထွက်လုပ်နိုင်တဲ့ အပေါက်ကြီး ၂ ခုရှိပြီး ဝဲကယက်တစ်ခုဖန်တီးဖြစ်ပေါ်စေကာ အလွန်တရာကြီးမားတဲ့ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်စေကြောင်း သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 
 
Ref:Facts You Never Knew
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.